DVB Logo
Home
အားကစား
သတင်းဌာနသုံးခုကို မေးခွန်းမေးမြန်းခွင့် မန်ယူနည်းပြပိတ်ပင်
DVB
·
April 27, 2024
သတင်းဌာနသုံးခုကို မေးခွန်းမေးမြန်းခွင့် မန်ယူနည်းပြပိတ်ပင်
Donate to DVB

မန်ယူအသင်းနည်းပြအဲရစ်တန်ဟတ်ဂ်ဟာ ဘန်လေအသင်းနဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သတင်းဌာန သုံးခုကို မေးခွန်းမေးမြန်းခွင့်ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

ကိုဗင်ထရီကို ပင်နယ်တီ အဆုံးအဖြတ်မှာအနိုင်ရခဲ့ပြီးနောက် သတင်းဌာနတွေရဲ့ ရေးသားတင် ဆက်ပုံတွေဟာ အသင်းနဲ့ သူ့အပေါ် လေးစားမှုမရှိဘူးလို့ ယူဆတာကြောင့် မေးခွန်းမေးမြန်းခွင့် ပိတ်ပင်ခဲ့တာဖြစ်တယ် လို့ဆိုပါတယ်။

နည်းပြအဲရစ်တန်ဟတ်ဂ်က မေးခွန်းမေးမြန်းဖို့ ပိတ်ပင်ခဲ့တဲ့ သတင်းဌာနတွေက The Sun၊ Manchester Evening News သတင်းစာနဲ့ The Mirror  သတင်းဌာနတို့ ဖြစ်ပါတယ်။

နည်းပြတန်ဟတ်ဂ်ဟာ မန်ယူနည်းပြရာထူးနဲ့ ထိုက်တန်မှု မရှိကြောင်း နှပ်ကြောင်းပေးရေးသားတင် ဆက်ခဲ့ပုံတွေကိုလည်း နည်းပြတန်ဟတ်ဂ်ဘက်က စိတ်ဆိုး ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013