DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
ကမ္ဘာ့ဖလားမစမီ ကမ္ဘာ့အကြီးဆုံး မက္ကဆီကိုလှိုင်းလုံးအဖြစ် ကမ္ဘာ့စံချိန်တင်ရန် ကြိုးပမ်း
DVB
·
June 8, 2026
Photo:  REUTERS/Luis Cortes
Photo: REUTERS/Luis Cortes
Donate to DVB

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမစမီ ကမ္ဘာ့အကြီးဆုံး မက္ကဆီကိုလှိုင်းလုံးအဖြစ် ဂင်းနစ် စံချိန်တင်နိုင်ဖို့ မက္ကဆီကို နိုင်ငံမှာ လူရာ ပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ 

ပုံမှန်အတိုင်းဆို ဘောလုံးကွင်းထဲမှာပဲ လှိုင်းလုံးပုံစံ အားပေးလေ့ရှိကြပေမဲ့ ဂင်းနစ်စံချိန်ချိုးဖို့ လမ်းမတွေပေါ်မှာပဲ မက္ကဆီကိုလှိုင်းလုံးအားပေးမှုကို ပြုလုပ်ခဲ့ကြတာပါ။ 

ဇွန် ၆ ရက်မှာ မက္ကဆီကို နိုင်ငံသားတွေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေ မြို့လယ်ကောင် လမ်းမပေါ်မှာ နေရာယူခဲ့ကြပါတယ်။

လူရာပေါင်းများစွာဟာ မက္ကဆီကိုရဲ့ ဂျာစီအင်္ကျီဖြစ်တဲ့ အစိမ်းရောင်အင်္ကျီတွေ ဝတ်ဆင်ပြီး မက္ကဆီကို မက္ကဆီကို ဆိုတဲ့ ကြွေးကြော်သံတွေကို သံပြိုင်အော်ဟစ်ကာ အလံတွေ ဝှေ့ယမ်းပြီး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

အဲဒီ မက္ကဆီကိုလှိုင်းလုံး စံချိန်တင်နိုင်ဖို့ ကြိုးပမ်းမှုကို ဒေသခံတွေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေပါ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဂင်းနစ်အဖွဲ့ကတော့ ကမ္ဘာ့စံချိန်တင်တာနဲ့ ပတ်သက်ပြီးတော့ တရားဝင်အတည်ပြုကြောင်း ထုတ်ပြန်တာမျိုးတော့ မရှိသေးဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။ 

ကမ္ဘာ့လူအများဆုံး ပါဝင်မှုအဖြစ်  ၂၀၀၈ ခုနှစ် ဩဂုတ်လတုန်းက အမေရိကန်နိုင်ငံမှာ လူပေါင်း ၁၅၇,၅၇၄ ယောက် ပါဝင်ဆင်နွှဲခဲ့ဖူးပြီး အရှည်ဆုံးလှိုင်းအဖြစ် ၂၀၀၇ ခုနှစ်က လူပေါင်း ၈,၄၅၃ ယောက်ပါ ဝင်ခဲ့ဖူးကာ အချိန်အကြာဆုံးလှိုင်းကတော့ ၂၀၁၅ ခုနှစ်က ဂျပန်နိုင်ငံက လှိုင်းဖြစ်ပြီး ၁၇ မိနစ်နဲ့ ၁၄ စက္ကန့်အထိ ကြာခဲ့ပါတယ်။ 

၁၉၈၆ ခုနှစ်က ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပချိန် ပွဲကြည့်စင်မှာ ပရိသတ်တွေက မတ်တပ်ရပ်တာ ဒါမှမဟုတ် လက်မြောက်တာမျိုးကို လှိုင်းလုံးသဖွယ် ဖန်တီးအားပေးခဲ့ကြတာကို အစွဲပြုပြီး ဒီလို အားပေးမှုကို မက္ကဆီကို လှိုင်းလုံးအဖြစ် နာမည်ကြီးခဲ့တာပါ။

၂၀၂၆ ခုနှစ်မှာ မက္ကဆီကိုလှိုင်းလုံးအားပေးမှုပုံစံက နှစ်ပေါင်း ၄၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ဒီလိုအားပေးမှုကို အမေရိကန်တွေက သူတို့စတင်အားပေးခဲ့တာလို့လည်း အငြင်းပွားမှုတွေ ရှိပေမဲ့ ကမ္ဘာမှာတော့ မက္ကဆီကိုလှိုင်းလုံးအဖြစ် စတင်သိရှိခဲ့တာပါ။

မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၇၀၊ ၁၉၈၆ ခုနှစ်တို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပြီး ဒီနှစ်မှာ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013