DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားက ၂၄၀ မမ ဒုံးပျံအမြောက်စနစ် စမ်းသပ်ပစ်ခတ်
DVB
·
April 26, 2024
မြောက်ကိုရီးယားက ၂၄၀ မမ ဒုံးပျံအမြောက်စနစ် စမ်းသပ်ပစ်ခတ်
Donate to DVB

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အသစ်ဖွဲ့စည်းထားတဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်းယူနစ်ကနေ ထုတ်လုပ်တဲ့ ၂၄၀ မမ ဒုံးပျံအမြောက်စနစ် (MRL) တွေ စမ်းသပ် ပစ်ခတ်မှုကို ဧပြီ ၂၅ ရက်က စစ်ဆေးကြည့်ရှုခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် ရုပ်မြင်သံကြား KRT က ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။ 

ဒုံးပျံတွေဟာ ပျံသန်းမှုဝိသေသလက္ခဏာတွေနဲ့ တိကျမှုအတွက် လိုအပ်တဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီနေတယ်ဆိုတာကို အခုစမ်းသပ်ပစ်ခတ်မှုကနေ ပြသခဲ့ကြောင်းလည်း KRT သတင်းနောက်ခံ စကားပြောကြားချက်မှာ ဖတ်သွားပါတယ်။ 

ဒါပေမဲ့ အမြောက်လက်နက် ထုတ်လုပ်တဲ့ တပ်ဖွဲ့ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သတင်းမှာ ထည့်မဖော်ပြသွားပါဘူး။ 

မြောက်ကိုရီးယားဟာ ရုရှားကိုလက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စွပ်စွဲမှုတွေအကြားမှာ မြောက်ကိုရီးယားက အမြောက်တွေ ထုတ်လုပ်မှုကို အရှိန်မြှင့်နေတယ်လို့ ယူဆရပါတယ်။  မော်စကိုနဲ့  ပြုံယမ်း ကတော့ အဲ့ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

နည်းပညာအသစ် ပါ၀င်နေတဲ့ ၂၄၀ မမ မျိုးစုံပစ် ဒုံးပျံအမြောက်စနစ်ဟာ  မြောက်ကိုရီးယား စစ်တပ်ရဲ့ အမြောက်စွမ်းရည်ကို အားကောင်းစေမယ့် ဗျူဟာမြောက်ပြောင်းလဲမှုကို ဆောင်ကြဉ်း ပေးလိမ့်မှာဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံသတင်းအရ သိရပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013