DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ်တွင်  ၃ လအတွင်း မိုင်းထိလူနာ ၂၀ ဝန်းကျင်ရှိလာ
DVB
·
April 26, 2024
ကွတ်ခိုင်မြို့နယ်တွင်  ၃ လအတွင်း မိုင်းထိလူနာ ၂၀ ဝန်းကျင်ရှိလာ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ အနီးပတ်ဝန်းကျင်ကရွာတွေမှာ ဇန်နဝါရီ ၁၅ ရက်ကစလို့ ဧပြီလဝက်အထိ ၃ လအတွင်း မိုင်းထိလူနာ ၂၀ ဝန်းကျင်အထိရှိခဲ့တယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အဓိကအားဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ပွဲဖြစ်ပွားရာနေရာတွေ၊ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်သွားတဲ့ နေရာတွေမှာ မိုင်းထိသူအများဆုံးလို့ ဆိုပါတယ်။

ကွတ်ခိုင်ဒေသခံတဦးက “ပြောရမယ်ဆိုရင် ၁ လပိုင်း ၁၅ ရက်နောက်ပိုင်း မိုင်းထိတဲ့လူနာ အနည်းဆုံး ၁၅ ယောက်နဲ့အထက်မှာ ရှိတယ်ဗျ၊ အလုပ်မရှိလို့ဆိုပြီး နေ့စားသွားလုပ်တဲ့သူတွေ၊ ဘူးခွံကောက်တဲ့ သူတွေ၊ အရင်တုန်းက သူတို့စစ်တပ်ထိုင်သွားတဲ့ နေရာတွေလေ၊ အဲပတ်ဝန်းကျင်နားက မိုင်းတွေတို့ အများကြီး” လို့ ပြောပါတယ်။

ဒါ့အပြင် တချို့နေအိမ်ခြံဝင်းတွေထဲမှာလည်း စစ်ကျန်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရှိလို့ လက်နက်ကိုင်တွေကို ပြောတဲ့အခါမှာလည်း ရှင်းလင်းပေးတာမရှိဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ကိုးကန့်တပ် (MNDAA) တို့က ဇန်နဝါရီ ၇ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တာပါ။

၁ လနီးပါးကြာမြင့်ခဲ့တဲ့ ကွတ်ခိုင်မြို့တိုက်ပွဲတွေမှာ အရပ်သား ၆ ဦးသေဆုံးကာ ၁၉ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ၁၅ လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)  က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်မှာ ထိခိုက် သေဆုံးဒဏ်ရာရသူ ၁၀၅၂ ဦး ရှိလာခဲ့ပြီး ရှမ်းပြည်နယ်မှာ ၁၂ ရာခိုင်နှုန်းနဲ့ ဒုတိယ အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013