DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်နှင့် ၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းပိုင်းအချို့ မြေပြို 
DVB
·
August 10, 2026
ကွတ်ခိုင်နှင့် ၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းပိုင်းအချို့ မြေပြို 
1 / 5
Photo: MNDAA
Donate to DVB

ကိုးကန့်တပ်ထိန်းချုပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နဲ့ ၁၀၅ မိုင်အကြား ပြည်ထောင်စုလမ်းမကြီးပေါ်က လမ်းပိုင်း ၂ ခု  မိုးကြီးပြီး မြေပြိုကျသွားတယ်လို့ ကိုးကန့်တပ်ဆီက သိရပါတယ်။

အဲဒီလမ်းပိုင်း ၂ ခုကို အန္တရာယ်ရှိတဲ့အခြေအနေဖြစ်လို့ ကိုးကန့်တပ်က ဩဂုတ် ၁၀ ရက်မှာ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေဖို့ ပြုပြင်နေတယ်လို့ လည်း ဆိုပါတယ်။

MNDAA သတင်းအရင်းအမြစ်က “လမ်းကတော့ သွားလာလို့ရပြီ။ လမ်းပိုင်းကတော့ ကွတ်ခိုင်နဲ့ ၁၀၅ မိုင်ကြားက လမ်းပိုင်း ၂ ခုပါ။ ပြည်ထောင်စုလမ်းပေါ်မှာပဲ။ ကုန်စည်စီးဆင်းတဲ့ လမ်းတွေပဲ။ နေအိမ် ပျက်စီးတာတွေတော့ မရှိဘူး။ ကွတ်ခိုင်မှာတော့ မိုးများနေလို့ ရေက မကျသေးဘူး” လို့ DVB ကို ပြောပါတယ်။

လမ်းပိုင်းတခုကတော့ လမ်းဘေးတောင်စောင်း ပြိုကျတာဖြစ်ပြီး လမ်းမျက်နှာပြင်မှာလည်း အစိတ်အပိုင်းလိုက် အက်ကြောင်းတွေ ပေါ်ပေါက်ခဲ့ပေမဲ့ လက်ရှိမှာတော့ ယာဉ်တွေ ပုံမှန်သွားလာနိုင်သေးတယ်လို့ ဆိုပါတယ်။

တခြားလမ်းပိုင်းတခုမှာတော့ တောင်ပြိုကျတာကြောင့် ရွှံ့နွံနဲ့ ကျောက်ခဲတွေ လမ်းပေါ်မှာ ပိတ်ဆို့ခဲ့တာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကွတ်ခိုင်ပဋိပက္ခအပြီးမှာ MNDAA ဟာ TNLA ဆီကနေ ကွတ်ခိုင်မြို့ကို ရယူပြီး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013