DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်တွင် MNDAA က လူမြင်ကွင်း၌ သေဒဏ်ပေးသည့်အပေါ် EU ရှုတ်ချ
DVB
·
April 26, 2024
လောက်ကိုင်တွင် MNDAA က လူမြင်ကွင်း၌ သေဒဏ်ပေးသည့်အပေါ် EU ရှုတ်ချ
Donate to DVB

ကိုးကန့်တပ်ဖွဲ့ MNDAA က လောက်ကိုင်မြို့မှာ  လူ ၃ ဦးကို အများပြည်သူရှေ့မှောက် သေဒဏ်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ်  ဥရောပသမဂ္ဂ (EU) က အပြင်းထန်ဆုံး  ရှုတ်ချလိုက်ကြောင်း ကြေညာပါတယ်။  

ဧပြီ ၂၄ ရက်က လောက်ကိုင်မြို့မှာ   အပြာရောင်ဝတ်စုံဝတ်အကျဉ်းသား  ၁၀ ဦးကို  MNDAA က ခေါ်ဆောင်လာပြီး  ထောင်နဲ့ချီတဲ့ အများပြည်သူတွေရဲ့ရှေ့   လူမြင်ကွင်းမှာ  ပြစ်ဒဏ်တွေချခဲ့တယ်လို့  ကိုးကန့်သတင်းဌာနက ရုပ်သံနဲတကွ သတင်းထုတ်ပြန်ခဲ့တာပါ။ 

လူသတ်ပြန်ပေးဆွဲမှု၊ လက်နက်မှောင်ခိုရောင်းချမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ တချို့ကို သေဒဏ်နဲ့ တချို့ကို နှစ်ရှည်ထောင်ဒဏ်တွ ချမှတ်ခဲ့တာဖြစ်ပြီး  ဒီလူတွေထဲကမှ ခရိုင်မှူးအဆင့်ရှိသူ အပါအဝင်  ၃ ဦးကိုတော့  သေဒဏ် စီရင်ခံခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။  

အခုလို သေဒဏ်ပေးတာနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ က အပြင်းထန်ဆုံး ရှုတ်ချပြီး အခြေအနေမျိုးမှာဖြစ်ဖြစ် သေဒဏ်ချမှုကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ EU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သေဒဏ်ဟာ လူမဆန်တဲ့ ယုတ်ညံ့တဲ့ ပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ်မှုကို ကိုယ်စားပြုတယ်၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး မျှော်မှန်းချက်အတွက် အဓိကကျတဲ့ ကြိုးပမ်းမှုဟာ မြင့်မားတဲ့ နိုင်ငံတကာစံနှုန်းနဲ့ အညီ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့  ဖြစ်သင့်တယ်လို့ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်ပေးမှုကို စစ်ကောင်စီကရော၊ ကိုးကန့် နဲ့ ‘ဝ’ တို့လို တရုတ်နဲ့ နီးစပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပါ ကျင့်သုံးလေ့ရှိပါတယ်။

စစ်တပ်အာဏာသိမ်း ၃ နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၂ ယောက် ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှတ်တမ်းအရ သိရပါတယ်။ 

သေဒဏ်ချမှတ်ခံရတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့  ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို  စစ်ကောင်စီက  သေဒဏ်စီရင်ခဲ့ ပါတယ်။ 

Photo- The Kokang

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013