DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ် တို့ကို အကူအညီပေးမည့် ရန်ပုံငွေဥပဒေကြမ်းကို သမ္မတဘိုင်ဒင် လက်မှတ်ထိုး
DVB
·
April 25, 2024
ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ် တို့ကို အကူအညီပေးမည့် ရန်ပုံငွေဥပဒေကြမ်းကို သမ္မတဘိုင်ဒင် လက်မှတ်ထိုး
Donate to DVB

ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် ယူကရိန်းကို အမေရိကန်ရဲ့ အကူအညီသစ် ဒေါ်လာဘီလီယံပေါင်းများစွာ ပံ့ပိုးပေးမယ့် ဥပဒေကြမ်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဧပြီ ၂၄ ရက်က  ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ် အပါအဝင် ရန်ပုံငွေဥပဒေကြမ်းကို လက်မှတ်ရေးထိုးပြီးနောက်မှာ ဘိုင်ဒင်က အမေရိကန်ဟာ သူ့မိတ်ဆွေတွေနဲ့အတူ ရပ်တည်နေပြီး ဘယ်သူ့ကိုမှ ဦးမညွှတ်ကြောင်း၊ အထူးသဖြင့် ဗလာဒီမာပူတင်ကို လုံးဝဦးမညွှတ်တာ အသေအချာပဲလို့လည်း ပြောကြားခဲ့ပါတယ်။

ဘိုင်ဒင်က “ပူတင်က ယူကရိန်းပြည်သူတွေရဲ့ ဆန္ဒကို အလွယ်တကူ ချိုးဖျက်နိုင်မယ်လို့ ယုံကြည်ပြီး ဒီစစ်ပွဲကို စတင်ခဲ့တာဖြစ်ပြီးတော့ သူ့စိတ်ကူးအတိုင်း မအောင်မြင်ခဲ့တဲ့အခါမှာတော့ သူ့ရဲ့ဗျူဟာကို ပြောင်းလဲလိုက်ပြီး နေတိုးရဲ့ ဆန္ဒ၊ အမေရိကန်ရဲ့ ဆန္ဒ၊ ကျနော်တို့ရဲ့ ဆန္ဒတွေကို ချိုးဖျက်နိုင်မယ်လို့ ယုံကြည်ခဲ့ပြီး ဒါလည်း သူ ကျရှုံးခဲ့ပြန်တယ်” လို့ ပြောပါတယ်။

ဥပဒေအဖြစ် အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းထဲမှာ ယူကရိန်းအတွက် အကူအညီ ဒေါ်လာ ၆၁ ဘီလီယံနဲ့ အစ္စရေးအတွက် ဒေါ်လာ ၂၆ ဘီလီယံ၊ ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၁ ဘီလီယံနဲ့ တရုတ်ရဲ့ စစ်ရေးအင်အားကို တန်ပြန်ဖို့ ဒေါ်လာ ၈ ဘီလီယံတို့ ပါဝင်ပါတယ်။

ဒီဥပဒေရဲ့ သက်ရောက်မှုက အခုချက်ချင်းပဲ စ အကျုံးဝင်လာပါပြီ။ ယူကရိန်းအတွက် လက်နက်ထောက်ပံ့မှု ကနဦး ဒေါ်လာ ၁ ဘီလီယံကို ခွင့်ပြုခဲ့ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့ပြီး အဲဒီလက်နက်တွေ စီးဆင်းမှုဟာ နာရီပိုင်းအတွင်း စတင်မယ်လို့လည်း ဆိုပါတယ်။

ကနဦး အကူအညီပက်ကေ့ချ်ထဲမှာ မော်တော်ယာဉ်တွေ၊ စတင်ဂါ လေကြောင်းရန်ကာကွယ်ရေး ခဲယမ်းတွေ၊ ၁၅၅ မမ အမြောက်ကျည်တွေ၊ TOW နဲ့ Javelin တင့်ဖျက်ခဲယမ်းတွေနဲ့ စစ်မြေပြင်မှာ ချက်ချင်းအသုံးပြုနိုင်တဲ့ တခြားလက်နက်တွေ ပါဝင်ပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်နဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့ ဒီမိုကရက်တစ် ဘိုင်ဒင်ဟာ ၂ နှစ်ကျော်ကြာ ရုရှားကျူးကျော်မှုကို အပြည့်အဝ တော်လှန်တိုက်ခိုက်နေတဲ့ ယူကရိန်းအတွက် ရန်ပုံငွေပိုမိုရရှိဖို့ လွှတ်တော်အမတ်တွေကို ၆ လကြာ ဖိအားပေးခဲ့ပါတယ်။

ထရမ့်ပ်က ယူကရိန်းအကူအညီကို ကန့်ကွက်ခဲ့ပြီး ကွန်ဂရက်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန် တချို့ကလည်း အထောက်အခံပြုဖို့ ငြင်းဆိုခဲ့ကာ ယူကရိန်းက နိုင်ရော နိုင်ဦးမှာလားလို့လည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။

Source/Photo - REUTERS/Elizabeth Frantz

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013