DVB Logo
Home
ဘောလုံး
ရှက်ဖီးလ်ကို အနိုင်ရသည့်ပွဲ၌ မန်ယူအသင်းသားများ၏ စရိုက်လက္ခဏာကို ဖာနန်ဒက်စ် ချီးကျူး
DVB
·
April 25, 2024
ရှက်ဖီးလ်ကို အနိုင်ရသည့်ပွဲ၌ မန်ယူအသင်းသားများ၏ စရိုက်လက္ခဏာကို             ဖာနန်ဒက်စ် ချီးကျူး
Donate to DVB

ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ မန်ယူအသင်းသားတွေရဲ့ စရိုက်လက္ခဏာကို ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ချီးကျူးလိုက်ပါတယ်။ 

မန်ယူအသင်းဟာ ဒီမနက်အစောပိုင်းကန်သွားတဲ့ ရှက်ဖီးလ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဦးဆောင်ဂိုး နှစ်ကြိမ်တိုင်တိုင်ခွင့်ပြုခဲ့ရပေမဲ့ ချေပဂိုးတွေလိုက်သွင်း ပြီး ၄ ဂိုး ၂ ဂိုးနဲ့ နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာပါ။

မန်ယူအသင်းအတွက်ချေပဂိုးတွေကို  မက်ဂွဲယားနဲ့ ဖာနန်ဒက်စ်တို့ကသွင်းယူပေးခဲ့ပြီး ဖာနန်ဒက်စ်ကပဲ အနိုင်ဂိုးနဲ့  ဟွိုက်လန်းက စတုတ္ထမြောက် အနိုင်ဂိုး ထပ်သွင်းခဲ့ တာပါ။

အသင်းသားတွေအနေနဲ့ ခက်ခဲတဲ့အခြေအနေရောက်ရှိအောင် ကိုယ့်ဘာသာ တွန်းပို့မိခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေပြသပြီး ပြန်လာနိုင်ခဲ့တယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ဖာနန်ဒက်စ်က ပြောပါတယ်။

ဒီပွဲမှာ အနိုင်ရရှိခဲ့တဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၆ နေရာဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013