DVB Logo
Home
မြန်မာသတင်း
အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီက ပိတ်သိမ်းခိုင်း
DVB
·
April 24, 2024
အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီက ပိတ်သိမ်းခိုင်း
Donate to DVB

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီက မေ ၁ ရက်မှာ စတင်ပိတ်သိမ်းခိုင်းနေပြီး CDM ဝန်ထမ်းတွေကို အလုပ်ခန့်ထားတာကြောင့် ပိတ်သိမ်းခံလိုက်ရတာလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အောင်ရတနာ ပုဂ္ဂလိကဆေးရုံဟာ အခုဧပြီလ တတိယပတ်အတွင်း ဆေးရုံတက်ရမယ့် လူနာတွေကို အခန်းမရှိတော့ဘူးလို့ အကြောင်းပြပြီး လက်မခံတော့ကြောင်း လူနာရှင်တွေဆီကနေ သိရပါတယ်။

သက်တမ်း ၂၆ နှစ်ရှိပြီဖြစ်တဲ့ အောင်ရတနာ ပုဂ္ဂလိကဆေးရုံမှာ CDM ဝန်ထမ်းတွေကို အလုပ်ခန့်ထားတာကြောင့် စစ်ကောင်စီက ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ဆေးရုံဝန်ထမ်းတဦးကတော့ CDM ဝန်ထမ်းတွေကြောင့် မဟုတ်ဘူးလို့ ငြင်းဆိုပြီး ဆေးရုံ မွမ်းမံပြင်ဆင်မှုတွေလုပ်ဖို့ အခု ဧပြီလကုန်ကစပြီး နှစ်လကြာ ဆေးရုံပိတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို တခဲနက် ဆန့်ကျင်ဆန္ဒပြခဲ့တဲ့အထဲ ကျန်းမာရေးဝန်ထမ်းတွေ ထောင်သောင်းချီ အမြောက်အမြား ပါဝင်ခဲ့ပြီး CDM ဝန်ထမ်းတွေကို အလုပ်ခန့်ထားတဲ့ ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေ အမြောက်အမြား နိုင်ငံတဝန်းမှာ ပိတ်သိမ်းခံခဲ့ရပါတယ်။

စစ်ကောင်စီက ပိတ်သိမ်းခဲ့တဲ့ ဆေးရုံတချို့ကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့တာရှိသလို ဆေးရုံတချို့ရဲ့ လုပ်ငန်းလိုင်စင်ကို အပြီးတိုင် ဖျက်သိမ်းခဲ့တာတွေလည်း ရှိပါတယ်။

မန္တလေးတိုင်းဒေသကြီးက ကံ့ကော်ဆေးရုံ၊ မြို့တော်နဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံ ၃ ရုံကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလမှာ အပြီးတိုင် လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။

ဖူးအိအိနွယ်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013