
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ သြဂုတ် ၂၅ ရက်က မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီး ဗာရာဏသီမြို့က ဆေးရုံတရုံ ရေလွှမ်းမိုးခဲ့ကာ ဂူရူဂရမ်မြို့က IT လုပ်ငန်းတွေရှိရာ ခရိုင်ရဲ့ အစိတ်အပိုင်းတချို့ကို ပိတ်ပစ်ခဲ့ရပါတယ်။
ဆာဆန်ဒါလာလ် ဆေးရုံနားက လမ်းတွေ ရေနစ်မြုပ်ပြီးတဲ့နောက် လူနာတွေကို ထမ်းစင်တွေနဲ့ တင်ပြီး ဒူးအထိနက်တဲ့ ရေတွေကြားကနေ သယ်ဆောင်ခဲ့ကြရပါတယ်။
ဂူရူဂရမ်မြို့ရဲ့ မြေအောက်လမ်းတွေနဲ့ အဓိကလမ်းတွေ ရေလွှမ်းကုန်လို့ အသွားအလာ ရပ်တန့်သွားခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်း အတော်များများဟာလည်း ဝန်ထမ်းတွေ အဝေးကနေ အလုပ်လုပ်ဖို့ နည်းလမ်းကို ရွှေ့ပြောင်းခဲ့ရပြီး ကျောင်းတွေကိုလည်း အဲဒီနေ့အတွက် ပိတ်ထားခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
မိုးလေဝသရုံးက ထုတ်ပြန်တဲ့ ကြေညာချက်အရ လာမဲ့ရက်တွေအတွင်း နယူးဒေလီမြို့တော်နဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ မိုးနည်းနည်းကနေ အသင့်အတင့် ရွာသွန်းမယ်လို့ မျှော်လင့်ထားပါတယ်။
Source: Reuters











