DVB Logo
Home
နိုင်ငံတကာ
သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများက တောင်ကိုရီးယားအစိုးရကို တရားစွဲ
DVB
·
April 24, 2024
သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများက တောင်ကိုရီးယားအစိုးရကို တရားစွဲ
Donate to DVB

ရာသီဥတုပြောင်းလဲမှုဒဏ်ကနေ အကာအကွယ်ပေးဖို့ ပျက်ကွက်မှုအတွက် လူငယ် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူ ၂ ဒါဇင်က တောင်ကိုရီးယားအစိုးရကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးမှာ တရားစွဲခဲ့ပါတယ်။

ဒီအမှုကို ဧပြီ ၂၃ ရက်က အများပြည်သူရှေ့မှောက်မှာ ကြားနာစစ်ဆေးရာမှာ ကလေးငယ်တွေ အပါအဝင် တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေ စုဝေး တက်ရောက်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးမှာ ကြားနာမှုဟာ အာရှမှာ ပထမဆုံးသော ရာသီဥတုဆိုင်ရာ တရားစီရင်မှုပါ။

၂၀၂၀ ပြည့်နှစ်အထိ ကလေးသူငယ်တွေနဲ့ မွေးကင်းစကလေးငယ်တွေဆီက အသနားခံစာ ၄ ခု ပါဝင်ပါတယ်။

ချွိုင်ရဲ့မိခင် လီဒုံဟျွန်က“ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးဟာ နောက်ပိုင်းမှာ လုပ်လို့ရတဲ့ အိမ်စာတခုလိုပဲ ပြန်တွန်းပို့ခံနေရတယ်။ ဒါပေမဲ့ အဲဒီဝန်ထုပ်ဝန်ပိုးက နောက်ဆုံးမှာ ကျမတို့ကလေးတွေပဲ ခံရမှာပါ” လို့ ပြောပါတယ်။

စက်မှုခေတ်မတိုင်မီ ပျမ်းမျှအပူချိန်ထက် ကမ္ဘာ့အပူချိန်က ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ဒါမှမဟုတ် ၂ ဒသမ ၇ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်မြင့်တက်လာလို့ ရေခဲလွှာတွေ အရည်ပျော်ပြီး သမုဒ္ဒရာရေစီးကြောင်းတွေ ယိုယွင်းပျက်ပြားလာတဲ့အထိ နောက်ကြောင်းမပြန်နိုင်တဲ့ သက်ရောက်မှုတွေ၊ ကပ်ဘေးတွေ ဖြစ်စေခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းပြီး ထွက်လာတဲ့ ကာဗွန်တွေနဲ့ အပူချိန်မြင့်တက်မှုတို့ ဆက်စပ်နေတာပါ။

တောင်ကိုရီးယားရဲ့ စီးပွားရေးဟာ တိုးတက်မှုအတွက် ရုပ်ကြွင်းလောင်စာတွေပေါ်မှာ အကြီးအကျယ် မှီခိုနေရပါတယ်။

တောင်ကိုရီးယားဟာ ၂၀၅၀ ခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှုနဲ့ ပြန်လည်စုပ်ယူမှု ဟန်ချက်ညီတဲ့ မျှခြေတရပ်ဆီ ရောက်ရှိရေး ကြိုးပမ်းနေပါတယ်။

Source/Photo - REUTERS/Kim Hong-Ji

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013