DVB Logo
Home
နိုင်ငံတကာ
ချေးငွေ ပလပ်ပေးရန် အိန္ဒိယလယ်သမားများ ဆန္ဒပြတောင်းဆို
DVB
·
April 24, 2024
ချေးငွေ ပလပ်ပေးရန် အိန္ဒိယလယ်သမားများ ဆန္ဒပြတောင်းဆို
Donate to DVB

အိန္ဒိယတောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်က လယ်သမားတဖွဲ့ဟာ သီးနှံထွက်ကုန်ဈေးနှုန်းတွေ တိုးမြှင့်ပေးဖို့နဲ့ ချေးငွေတွေကို တရားဝင် ပလပ်ပေးဖို့ တောင်းဆိုရင်း နယူးဒေလီမြို့တော်မှာ ဧပြီ ၂၃ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ 

သူတို့ဟာ ဂျန်တာမန်တာ ရှေးဟောင်းနက္ခတ်တာရာ လေ့လာရေးဌာနမှာ စုဝေးကြပြီး ဦးခေါင်းခွံနဲ့ အရိုးတွေကို ပါးစပ်တွေ လက်တွေနဲ့ ကိုင်ဆောင်ထားပါတယ်။ 

ဒေသတွင်းမှာ အကြွေးဆပ်နေရတဲ့ လယ်သမား ထောင်ပေါင်းများစွာဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြပြီး လူ့ဦးခေါင်းခွံတွေဟာ သေသွားတဲ့ လယ်သမားတွေကို ကိုယ်စားပြုတယ်လို့ သူတို့က ပြောပါတယ်။ 

ဝန်ကြီးချုပ် နရင်ဒြာ မိုဒီက သူတို့ရဲ့ သီးနှံထွက်ကုန်တွေရဲ့ ဈေးနှုန်းကို နှစ်ဆတိုးပေးမယ့် ကတိကို မဖြည့်ဆည်းရသေးဘူးလို့လည်း လယ်သမားတွေက ပြောပါတယ်။ 

တမီလ်နာဒူးပြည်နယ်ဟာ မိုးခေါင်ရေရှားမှုနှင့် ရေရှားပါးမှုဆိုင်ရာ ပြဿနာတွေအတွက် အချိန်အတော်ကြာအောင် ရုန်းကန်နေရတာပါ။ 

အခုနှစ်အစောပိုင်းမှာ ပန်ဂျပ်နဲ့ ဟာရီယာနာပြည်နယ်တွေက လယ်သမားတွေဟာ နယူးဒေလီ မြို့တော်ဆီ ဦးတည်တဲ့ လမ်းတွေပေါ် ထွက်ရင်း သူတို့ရဲ့ ထုတ်ကုန်တွေအတွက် အာမခံချက် စျေးနှုန်း မြင့်မြင့်မားမား ပေးဖို့ တောင်းဆိုခဲ့ကြဖူးပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013