DVB Logo
Home
မြန်မာသတင်း
စစ်တောင်းတံတား စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
DVB
·
April 24, 2024
စစ်တောင်းတံတား စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ စစ်တောင်းတံတားစစ်ဆေးဂိတ် ဧပြီ ၂၃ ရက် မနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပဲခူးတိုင်း ဝေါမြို့နယ်ဘက်ခြမ်းရှိ  စစ်တောင်းတံတားစစ်ဆေးရေးဂိတ်ကို ဧပြီ ၂၃ ရက် မနက် ၅ နာရီခွဲမှာဒရုန်းနဲ့ဗုံးကြဲခံရတာလို့  ဒေသခံတဦးက ပြောပါတယ်။

"စစ်တောင်းတံတား ဝေါဘက်ခြမ်းမှာ ဒရုန်းနဲ့ဗုံးကြဲခံရတယ် ၅ နာရီခွဲမှာ  စစ်သားတယောက် ဒဏ်ရာရတယ်။ ဗုံးပစ်ခံရပြီး  ကားတွေကို ပေးမဖြတ်ဘဲ စစ်တယ်။”

စစ်တောင်းတံတား မွန်ပြည်နယ် မုပ္ပလင်စစ်ဆေးရေးဂိတ်မှာလည်း မနက် ၁၀  နာရီမှာ ဒရုန်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရလို့ စစ်သားအချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုမြို့ခံတဦးက ပြောပါတယ်။

"စစ်တောင်းတံတားမှာ ဟိုဘက်ရော ဒီဘက်ရော ဗုံးနဲ့ပစ်ခံရတယ်။ စစ်တပ်က ပြန်ပစ်တာလည်းရှိတယ်။ လူနာတင်ယာဥ်တွေလာတယ်။ ရဲတွေရော စစ်သားတွေရော အများကြီးပဲ လုံခြုံရေးယူထားတယ်။ စစ်တပ်ကလူတွေ ထိသွားတယ်။”

စစ်တောင်းတံတားနှစ်ဖက်လုံးမှာရှိနေတဲ့ လုံခြုံရေးကင်းနဲ့စစ်ဆေးရေးဂိတ်တွေ မနက် ၅ နာရီခွဲမှ ၁၀ နာရီအတွင်း PDF တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ တိုင်းအစိုးရနဲ့နီးစပ်သူတဦးက  ပြောပါတယ်။

"ဝေါဘက်ခြမ်းက စစ်ဆေးရေးဂိတ်ကို ဗုံး ၅ လုံးကျတယ်။ မုပ္ပလင်ဘက်က စစ်ဆေးရေးဂိတ်ကို ဗုံး ၃ လုံးကျတယ်။ စစ်တပ်ရော ရဲရော ထိခိုက်ဒဏ်ရာရသူရှိပါတယ် သေတဲ့သူတော့မရှိဘူး။”

အဆိုပါဗုံးကြဲ တိုက်ခိုက်ခံရမှု ဖြစ်စဥ်နဲ့ပတ်သတ်ပြီး မနေ့ညနေက အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ဆင်ရေးအရာရှိတချို့ တွေ့ဆုံကာ အစည်းအဝေးလုပ်ခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013