DVB Logo
Home
နိုင်ငံတကာ
ခရစ်ယာန်ဘုန်းတော်ကြီး ဓားထိုးခံရသည့်ကိစ္စ အီလွန်မတ်စ်ခ်နှင့် ဩစတြေးလျဝန်ကြီးချုပ် အချင်းများ
DVB
·
April 23, 2024
ခရစ်ယာန်ဘုန်းတော်ကြီး ဓားထိုးခံရသည့်ကိစ္စ အီလွန်မတ်စ်ခ်နှင့် ဩစတြေးလျဝန်ကြီးချုပ် အချင်းများ
Donate to DVB

သြစတြေးလျနိုင်ငံ ဆစ်ဒနီမှာ ခရစ်ယာန်ဘုန်တော်ကြီးတပါး ဓားထိုးခံရမှုနဲ့ ပတ်သက်တဲ့ ပုံရိပ်နဲ့ မှတ်ချက်တွေကို X လူမှုကွန်ရက်မှာ ဖျောက်ပေးဖို့ ဩစတြေးလျတရားရုံးတရုံးက ညွှန်ကြားခဲ့အပြီးမှာ X လူမှုကွန်ရက်ပိုင်ရှင် အီလွန်မတ်စ်ခ်နဲ့ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နိစ်တို့ကြားက စကားလုံးစစ်ပွဲ ပြင်းထန်လာခဲ့ပါတယ်။

အဆီးရီးယန်း ချာ့ချ်က ဘုန်းတော်ကြီးဟာ အစ္စလာမ်ဘာသာကို စော်ကားတယ်ဆိုပြီးတော့ အသက် ၁၆ နှစ်အရွယ် လူငယ်တဦးက အော်ဟစ်ပြီး ဓားနဲ့ဝင်ထိုးတဲ့ ဗီဒီယိုဖိုင် အပါအဝင် အဲဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ မှတ်ချက်တွေကို ပိတ်ပေးဖို့ ဩစတြေးလျ ဖက်ဒရယ်တရားရုံးက နှစ်ရက်တားမြစ်မိန့် ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ X က ဩစတြေးလျနိုင်ငံတွင်းမှာပဲ ပိတ်ပေးခဲ့ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ ပိတ်ပေးဖို့ ငြင်းခဲ့တာပါ။

“အင်း၊ ဒီလူက မောက်မာတယ်၊ သူက အမေရိကန်က ဘီလျံနာဆိုတော့ ဩစတြေးလျဥပဒေ အထက်မှာ ရှိမယ်လို့ ထင်နေတာ။ သူ့ပလက်ဖောင်းမှာ အကြမ်းဖက်တဲ့ ဗီဒီယိုတွေ ပြသခွင့်အတွက် တိုက်ပွဲဝင်နေတာလေ” လို့ ဝန်ကြီးချုပ် အယ်လ်ဘန်နိစ်က ဝေဖန်ခဲ့ပါတယ်။

Facebook လို တခြား လူမှုကွန်ရက်တွေက လိုက်နာခဲ့ပေမဲ့ X က မလိုက်နာခဲ့တဲ့အပြင် X ဟာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်နဲ့ အမှန်တရားဘက်က ရပ်တည်တယ်လို့ပါ မတ်စ်ခ်က X မှာ ရေးသားခဲ့ပြီး ဝန်ကြီးချုပ်ကိုပါ လှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။

“ဒါက ဆင်ဆာလုပ်တာ မဟုတ်ဘူးဗျ။ ဒါက ပုံမှန်သိတာ၊ လူလိုနားလည်တာမျိုးဗျ။ အီလွန်မတ်စ်ခ်မှာလည်း ဒါမျိုးရှိသင့်တယ် ထင်တာပဲ” လို့ ဝန်ကြီးချုပ်က တုံံ့ပြန်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013