DVB Logo
Home
နိုင်ငံတကာ
AI အန္တရာယ်နှင့် နည်းပညာအသစ်များကို အကဲဖြတ်ရန် သုတေသီများ တိုက်တွန်း
DVB
·
April 23, 2024
AI အန္တရာယ်နှင့် နည်းပညာအသစ်များကို အကဲဖြတ်ရန် သုတေသီများ တိုက်တွန်း
Donate to DVB

နိုင်ငံတကာသိပ္ပံကောင်စီက သုတေသီတွေဟာ လူလုပ်ဉာဏ်ရည်တု AI ရဲ့ အန္တရာယ်တွေနဲ့ နည်းပညာအသစ်တွေကို အကဲဖြတ်ဖို့ အစိုးရတွေကို တိုက်တွန်းထားတဲ့ အစီရင်ခံစာတစောင်ကို ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဦးဆောင်စာရေးဆရာ ပီတာ ဂလပ်မန်း ကတော့ အင်တာနက် မွေးဖွားလာခြင်းကို လွတ်ထွက်သွားတဲ့ အခွင့်အရေးတခုရဲ့ ဥပမာအဖြစ် ကိုးကားခဲ့ပြီး မူဝါဒ ချမှတ်သူတွေဟာ ဉာဏ်ရည်တုရဲ့ အန္တရာယ်တွေနဲ့ အကျိုးကျေးဇူးတွေကို အကဲဖြတ်သင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ပညာရေးကို စိတ်ကြိုက်ပြုပြင်ဖို့ ဒါမှမဟုတ် စိတ်ကျန်းမာရေးကို ကုသဖို့ AI ကို အသုံးပြုတယ်ဆိုရင် အရမ်းကောင်းတယ် ဆိုပေမဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ တစုံတရာကို မလုပ်မိအောင် ထည့်သွင်းစဉ်းစားရမယ့် တခြားအချက်တွေက ဘာတွေလဲဆိုတာ သေချာဖို့ လိုအပ်ကြောင်းနဲ့ တနည်းအားဖြင့် အကြမ်းဖက်သမားတွေကို စိစစ်ရာမှာ AI နဲ့ ပတ်သက်ပြီး တွေးတောဖို့ ခွဲခြမ်းစိတ်ဖြာမှု မူဘောင်တခုရှိဖို့ လိုအပ်ကြောင်း” ပီတာ ဂလပ်မန်းက ပြောပါတယ်။

“အင်တာနက် ဖွံ့ဖြိုးလာတဲ့အခါ အရမ်းကောင်းလာမယ်၊ ကမ္ဘာကို ဒီမိုကရေစီ အသွင်ကူးပြောင်းမယ်၊ သတင်းအချက်အလက်တွေ အများကြီး မျှဝေနိုင်မယ်လို့ လူတိုင်းက ပြောကြတယ်။ မမှန်မကန် သတင်းရင်းမြစ်တွေ ဖြစ်နိုင်တာတွေကိုလည်း ထိန်းချုပ်ထားသင့်တယ်လို့ ပြောကြတဲ့လူတွေလည်း ရှိတယ်။ တယ်လီဖုန်းဆက်သွယ်ရေးကို ထိန်းကျောင်းထားသလိုမျိုး အင်တာနက်ကို ကမ္ဘာနဲ့အဝန်း ထိန်းချုပ်ထားရင်ကော ဘယ်လိုဖြစ်နိုင်မလဲ၊ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး ပြဿနာအများကြီး ရှိမလား” ဆိုပြီး ဂလပ်မန်းက ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံဟာ မတ်လတုန်းက ဉာဏ်ရည်တုဆိုင်ရာ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့ပြီး နိုင်ငံတွေကိုလည်း လူ့အခွင့်အရေးကို ကာကွယ်ဖို့၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်ဖို့နဲ့ အန္တရာယ်ဖြစ်လာနိုင်ခြေတွေအတွက် AI ကို စောင့်ကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက အဆိုပြုပြီး တရုတ်နဲ့ တခြားနိုင်ငံပေါင်း ၁၂၀ ကျော်တို့က ပူးတွဲ ကမကထပြုခဲ့တဲ့ စည်းနှောင်မှုမရှိတဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ်ရေးကိုယ်တာ မူဝါဒတွေကို အားကောင်းလာစေဖို့အတွက်လည်း ထောက်ခံအားပေးတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013