DVB Logo
Home
မြန်မာသတင်း
နေပြည်‌တော် PDF တပ်ထဲဝင်ရန် ဆက်သွယ်လာသူ ၁၀၀၀ ကျော်ရှိ 
DVB
·
April 23, 2024
နေပြည်‌တော် PDF တပ်ထဲဝင်ရန် ဆက်သွယ်လာသူ ၁၀၀၀ ကျော်ရှိ 
Donate to DVB

စစ်ကောင်စီက တနိုင်ငံလုံး စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီးနောက် နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကို ဆက်သွယ်လာသူပေါင်း အယောက် ၁ဝဝဝ ကျော်ရှိနေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဦးစီးချုပ်  ဗိုလ်လကျ်ာက ပြောပါတယ်။

မြန်မာနိုင်ငံအရပ်ရပ်ကနေ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ထဲကိုဝင်ရောက်ဖို့ ဆက်သွယ်လာသူတွေထဲက အသက် ၁၈ နှစ်ကနေ ၄၀ အကြား လူငယ်တွေကို စိစစ်ပြီး သင်တန်းသူ သင်တန်းသား ၂၈၉ ယောက်ကို ပထမဆုံး အပတ်စဉ် ၁/၂၀၂၄ အဖြစ် ဧပြီလ ၂၀ရက်မှာ သင်တန်းဆင်းပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်မှာ စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီးနောက် အဲ့ဒီဥပဒေနဲ့အကြုံးဝင်တဲ့ လူငယ် လူရွယ်တွေဟာ ပြည်ပထွက်ခွာတာနဲ့ တော်လှန်ရေးတပ်တွေထဲကို  ဆက်တိုက်ဝင်ရောက်တာတွေ ရှိလာနေပါတယ်။

လူငယ်တွေဟာ လက်နက်ကိုင်ဖို့တောထဲဝင်လာတာကြောင့် အိမ်မှာ နေသလို၊ စားသလို မနေရတဲ့အတွက် အခက်အခဲတွေကြုံတွေ့ရပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားဆိုတဲ့ စိတ်ဓာတ်နဲ့ဖြတ်သန်းခဲ့ရတယ်လို့  စစ်မှုထမ်းဉပဒေကိုသဘောမကျတာကြောင့် PDFထဲ ဝင်ရောက်လာခဲ့သူ ရဲဘော်ပန်ဒါက သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

PDFထဲ ဝင်ရောက်လာတဲ့ လူငယ်တွေဟာ အရပ်သားဘဝကနေ လာရောက်လာသူတွေ ဖြစ်တာကြောင့် သင်ကြားရာမှာ အခက်အခဲတွေအများအပြားနဲ့ကြုံတွေ့ခဲ့ရပြီး အဖွဲ့နဲ့ အလုပ်လုပ်ကိုင်တတ်စေဖို့နဲ့ တကိုယ်ကောင်းဆန်တဲ့ အစွဲတွေကို ချိုးဖြတ်ပေးနိုင်ခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄  သင်တန်းဆရာ ကိုထုပ်ပဏီက  ပြောပါတယ်။

နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဟာ ၂ နှစ်ကျော်ကာလအတွင်းမှာ တပ်ရင်း ၁၀ ရင်း အထိ ဖွဲ့စည်းနိုင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့ စစ်ရေးလှုပ်ရှားနေတယ်လို့ သိရပါတယ်။

နေပြည်တော် အေလာလေတပ်နဲ့ စစ်ဦးစီးရုံးတို့ကို တိုက်ခိုက်ရာမှာပါဝင်ခဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေကို ရှမ်းမြောက်၊ ကရင်နီ၊ ကရင်၊ တောင်ငူ၊ ရေတာရှည်တို့အထိ နယ်မြေခံတော်လှန်ရေးတပ်တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ နေပြည်တော် PDF ရဲ့ စစ်ဉီးစီးချုပ်က ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက လူငယ်လူငယ်တွေကို  စစ်မှုထမ်းဖို့ ခေါ်ယူ စစ်သင်တန်းပထမအသုတ် စပေးနေပြီး ဒုတိယအသုတ်ခေါ်ယူဖို့လည်း စာရင်းတွေ စတင်ကောက်ခံနေပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013