DVB Logo
Home
မြန်မာသတင်း
ထိုင်းမြောက်ပိုင်းတွင် မြန်မာနယ်စပ်မှ ဝင်လာသည့် စိတ်ကြွဆေး ၁၄ သန်းကျော် ဖမ်းမိ
DVB
·
April 22, 2024
ထိုင်းမြောက်ပိုင်းတွင် မြန်မာနယ်စပ်မှ ဝင်လာသည့် စိတ်ကြွဆေး ၁၄ သန်းကျော် ဖမ်းမိ
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ မဲ့တိုင်မြို့နယ်ထဲမှာ မြန်မာနယ်စပ်ဘက်ကနေ သယ်ဆောင်လာတဲ့ စိတ်ကြွဆေး  ၁၄,၆၀၀,၀၀၀ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နယ်စပ်ဘက်ကနေ မူးယစ်ဆေးဝါး အချီကြီး ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် ထိုင်းစစ်တပ်၊ နယ်မြေခံရဲနဲ့ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်‌တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၂၀ ရက် မနက်စောစောက ချင်းဒေါင်းမြို့နယ် ကဲန်ပန်းတောဝ်းကျေးရွာအုပ်စုထဲမှာ ဂိတ်ချပြီးစောင့်ကြည့်နေခဲ့တာပါ။

စောင့်ကြပ်စစ်ဆေးစဉ် ကား ၃ စီး ဝင်ရောက်လာပေမဲ့ စစ်ဆေးရေးဂိတ်ရှိတဲ့လမ်းကို ရှောင်ကွင်းပြီး တခြားလမ်းကနေ ကွေ့ပတ်မောင်းသွားတာကြောင့် ကားနဲ့ အနောက်ကနေ လိုက်ဖမ်းခဲ့တယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။

မနက် ၁ နာရီခွဲလောက်မှာ အဲဒီကားတွေကို မဲ့တိုင်မြို့နယ် ပန်ကဝမ့်အုပ်စု အင်းထခင်ကျေးရွာထဲမှာ မီလာပြီး ယာဉ်မောင်းတဦးကိုပဲ ဖမ်းမိခဲ့ကာ ကျန် ၂ ဦးကတော့ ကားကိုပစ်ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ကား ၃ စီးအနက် တစီးမှာ လမ်းပြကားဖြစ်ပြီး နောက်ကား ၂ စီးမှာတော့ မြွေရေခွံအိတ် စုစုပေါင်း ၇၃ အိတ်၊ တအိတ်ကို စိတ်ကြွဆေး ၂ သိန်းစီပါတာကြောင့် စုစုပေါင်း စိတ်ကြွဆေး ၁၄,၆၀၀,၀၀၀ ဖမ်းမိတာလို့ ဆိုပါတယ်။

ဒီမတိုင်ခင်ရှေ့ ဧပြီ ၁၉ ရက် ညနေ ၃ နာရီခွဲလောက်ကလည်း လမ်းပွန်းခရိုင် မဲ့ထား စစ်ဆေးရေးဂိတ်မှာ အိမ်စီး စလွန်းကားတစီးပေါ်ကနေ 999 နဲ့ Y1 အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၆ သန်း ဖမ်းမိခဲ့ပါတယ်။

အသက် ၅၃ နှစ်ရွယ် ယာဉ်မောင်းကို စစ်ဆေးချက်အရ သူဟာ အဆိုပါစိတ်ကြွဆေးတွေကို နယ်စပ် ဝိန်းဟိုင်မြို့နယ်ကနေ သယ်လာပြီး မဲ့တိုင်မြို့နယ်ရှိ အိမ်တအိမ်မှာ အရင်လာထားသွားတာလို့ သိရပါတယ်။ 

တာဝန်ရှိသူတွေက အဆိုပါအိမ်ကို သွားရောက်စစ်ဆေးရာမှာ နောက်ထပ် စိတ်ကြွဆေးပြား ၂ သန်း ၄ သိန်းနဲ့ အိုက်စ်မူးယစ်ဆေး ၄ ကီလိုဂရမ်ကို ဖမ်းမိခဲ့တယ်လို့  တာဝန်ရှိသူက ပြောသွားပါတယ်။

Source- Maesaipress / Chiangmai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013