DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို ရာထူးမှ အနားယူခိုင်း
DVB
·
April 22, 2024
စစ်ကောင်စီက ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို ရာထူးမှ အနားယူခိုင်း
Donate to DVB

အန်အယ်လ်ဒီအစိုးရလက်ထက်က ခန့်အပ်ထားတဲ့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို အနားယူခိုင်းလိုက်ပြီလို့ စစ်ကောင်စီက ဒီနေ့ ဧပြီ ၂၂ ရက်ညမှာ နိုင်ငံပိုင်သတင်းဌာနနဲ့ စစ်တပ်သတင်းဌာနကနေ ကြေညာပါတယ်။

ကျန်းမာရေးအရ ရာထူးက‌နေ အနားယူခွင့်ပြုလိုက်တာလို့ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးနာမည်နဲ့ ထုတ်ပြန်တဲ့ စာမှာ ဖော်ပြထားပါတယ်။

ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်က‌နေ အမျိုးသားလွှတ်တော် အမတ်အဖြစ် အန်အယ်ဒီပါတီကိုယ်စားပြု အနိုင်ရခဲ့ပြီးနောက် ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

သူဟာ စစ်တပ်က အာဏာသိမ်းချိန်က ဖမ်းဆီးမခံခဲ့ရပေမဲ့  အစောပိုင်း ကာလုံအစည်းအဝေးကလွဲလို့ နောက်ပိုင်းမှာ ကျန်းမာရေးကြောင့် မတက်‌ရောက်နိုင်ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ပြီး လူမြင်ကွင်းက ပျောက်နေခဲ့တာပါ။

သူဟာ စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီးဖြစ်ခဲ့ပြီး မကြာခင်က ကာလုံအစည်းအဝေးတွေမှာ တက်ရောက်တာကို တွေ့ရပြီး‌နောက် အခုလို ဖယ်ရှားခံရတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဒုသမ္မတ ၂  ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်ကနေ ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ထုတ်ပယ်ကြောင်း ပြီးခဲ့တဲ့ ၂၀၂၃ ခု ဩဂုတ် ၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013