DVB Logo
Home
မြန်မာသတင်း
စလင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး တပြိုင်တည်း နုတ်ထွက်စာတင်
DVB
·
April 20, 2024
စလင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး တပြိုင်တည်း နုတ်ထွက်စာတင်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦးဟာ ဧပြီ ၁၉ ရက်နေ့မှာ တပြိုင်တည်း နုတ်ထွက်စာတင်သွားကြတယ်လို့ စလင်းအထွေထွေအုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဘာကြောင့် နုတ်ထွက်တယ်ဆိုတာတော့ မသိရဘူး။ တချို့က အုပ်ကြီးတွေကတော့ ထွေ/အုပ်ရုံးအထိ စာလာတင်တာ။ တချို့ကြတော့လည်း သူ့ဆိုင်ရာ ရပ်ကျေးစာရေးကို တင်ခိုင်းလိုက်တာ” လို့ စလင်းထွေ/အုပ်ရုံးမှ အမည်မဖော်လိုသူတဦးက DVB ကို ပြောပါတယ်။

စလင်းမြို့နယ်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃ ဦးတို့ နုတ်ထွက်စာတင်သွားကြတယ်လို့ ဆိုပါတယ်။

ဆင်ဖြူကျွန်းမြို့ ဒေသခံတဦးက “အခုတလော ကျနော်တို့ စလင်းမြို့နယ်အပါအ၀င် တနိုင်ငံလုံးမှာ စစ်မှုထမ်းဥပဒေကြောင့် အုပ်ကြီးတွေ အသတ်ခံနေရတာတွေရှိတယ်လေ။ အဲ့ဒါကြောင့်ပဲ နေမှာပေါ့” လို့ ​ပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရာထူးကနေ နုတ်ထွက်စာတင်သွားကြသူတွေဟာ စလင်းမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်စိုး၊ ဆင်ဖြူကျွန်းမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်‌ကျော်ဇင်၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေလင်း နဲ့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

နုတ်ထွက်စာတင်သွားကြသူတွေကို ဒီဗွီဘီက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စလင်းမြို့နယ်မှ နိုင်ငံရေးလှုပ်ရှားသူတဦးက “အာဏာသိမ်းပြီးကတည်းက အုပ်ချုပ်ရေးမှူးတွေဟာ သူတို့လူတွေပဲလေ။ အခုမှ မဟန်မှန်းသိလို့ အလုအယက် ထွက်စာတင်နေကြတာ။ ထွက်စာမတင်ဘဲနဲ့ အခု အလုပ်မလုပ်ကြတော့တဲ့ အုပ်ကြီးတွေလည်းရှိတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် မကြာခင် ကျနော်တို့ပြည်သူတွေ နိုင်တော့မှာပါ” လို့ မှတ်ချက်ပြု​ပြောဆိုပါတယ်။

စလင်းမြို့နယ်မှာ စစ်ကောင်စီက မတရားပြဋ္ဌာန်းထုတ်ပြန်ပြီးနောက် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးနေသူတွေ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဆက်တိုက်နီးပါး အသတ်ခံနေရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013