DVB Logo
Home
အားကစား
စည်းကမ်းလိုက်နာကြရန် ချဲလ်ဆီးအသင်းသားများကို နည်းပြ ပိုချက်တီနို သတိပေး
DVB
·
April 20, 2024
စည်းကမ်းလိုက်နာကြရန် ချဲလ်ဆီးအသင်းသားများကို နည်းပြ ပိုချက်တီနို သတိပေး
Donate to DVB

ချဲလ်ဆီးအသင်းသားတွေအနေနဲ့ အသင်းက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မဖြစ်မနေ လိုက်နာကြဖို့ လိုအပ်ကြောင်း နည်းပြပိုချက်တီနိုက ပြောသွားပါတယ်။ 

အဲဗာတန်ကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ဂျက်ဆန်၊ မာကူဒီနဲ့ ပါလ်မာတို့ ကြားမှာ  ရရှိလာတဲ့ ပင်နယ်တီကို ကန်သွင်းခွင့်ရဖို့ အတွက် စကားအချေအတင် ဖြစ်ခဲ့ကြတာပါ။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပွဲအပြီးမှာပဲ အသင်းသားစုံညီစွာနဲ့ အစည်းအဝေးပြုလုပ်ခဲ့ပြီး အသင်းရဲ့ စည်းမျဉ်းတွေကို လေးစားလိုက်နာကြဖို့ မှာကြားခဲ့ကြောင်း နည်းပြပိုချက်တီနိုက ပြောပါတယ်။

အသင်းတသင်းမှာ စည်းကမ်းကောင်းဖို့ အရေးကြီးပြီး အဲဗာတန်နဲ့ပွဲမှာ ပြုမူခဲ့တာတွေက မှားယွင်းတဲ့ နည်းလမ်းတွေ ဖြစ်ကြောင်းလည်း ပိုချက်တီနိုက ပြောပါတယ်။ 

ချဲလ်ဆီးအသင်းမှာ ပင်နယ်တီ ကန်သွင်းရမယ့် တာဝန်ကို လူငယ်တိုက်စစ်မှူး ပါလ်မာကို တာဝန်ပေးအပ်ထားတာဖြစ်ကြောင်းလည်း ပိုချက်တီနိုက အတိအလင်း ပြောပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013