DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် ဘတ် ၃ သန်းကျော်တန်ဖိုးရှိ E- စီးကရက်များ ဖမ်းမိ
DVB
·
April 19, 2024
ဘန်ကောက်တွင် ဘတ် ၃ သန်းကျော်တန်ဖိုးရှိ E- စီးကရက်များ ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် လတ်ဖရော့တ်နဲ့ ရမ်းခမ်းဟိုင်နယ်မြေထဲမှာ ဘတ် ၃ သန်းကျော် တန်ဖိုးရှိ E-စီးကရက်ဘူး ၁၀,၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါနယ်မြေတွင်း စာသင်ကျောင်း၊ တက္ကသိုလ်နဲ့ လူနေထူထပ်ရပ်ကွက်အနီးတဝိုက်မှာ E- စီးကရက်ဘူးတွေ ရောင်းချနေကြောင်း တိုင်ကြားချက်ရတဲ့အတွက် ဝန်ကြီးများရုံး၊ စားသုံးသူများ ကာကွယ်ရေးဌာနနဲ့ နယ်မြေရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ ဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူ နန်းဖုန်းဖိတ် ချွန်းလအစ်က ဧပြီ ၁၉ ရက်မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လတ်ဖရော့တ်နဲ့ ရမ်ခမ်းဟိုင်နယ်မြေရှိ ဈေးဆိုင် ၅ ဆိုင်ကနေ ရိုးရိုးနဲ့ ချစ်စရာကာတွန်းရုပ်မျိုးစုံ၊ အရောင်အသွေးစုံ E- စီးကရက်ဘူးပေါင်း ၁၀,၀၀၀ ကျော် သိမ်းဆည်းရမိပြီး တန်ဖိုး ဘတ် ၃ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

အများဆုံးသိမ်းဆည်းရမိတဲ့ဆိုင်မှာ ပုဂ္ဂလိကတက္ကသိုလ်ကျောင်းအနီးမှာ တည်ရှိပြီး အဲဒီဆိုင်ကနေ E- စီးကရက်ဘူးပါ အိတ်ပေါင်း ၁၀ အိတ် သိမ်းဆည်းရမိကြောင်း၊ ဈေးရောင်းသူမှာ အသက် ၂၂ နှစ်နဲ့ ၂၃ နှစ်အရွယ် လူငယ် ၂ ဦးဖြစ်ပြီး သူတို့ကတော့ ဆိုင်ရှင်မဟုတ်ဘဲ အရောင်းဝန်ထမ်းသာဖြစ်တယ်၊ ဆိုင်ရှင် ဘယ်သူဆိုတာ မသိဘဲ ရောင်းရငွေတွေ ဘဏ်ကိုလွှဲပေးရတယ်၊ တနေ့ကို ဘတ် ၁၀,၀၀၀ ကျော်ဖိုး ရောင်းရတယ်၊ အသက် ၂၀ အောက် လူငယ်တွေကိုတော့ ရောင်းမပေးဘူးလို့ ပြောပါတယ်။

အဆိုပါ ဈေးဆိုင် ၅ ဆိုင်မှာ မိမိကိုယ်မိမိ ဆိုင်ပိုင်ရှင်လို့ ဝန်ခံပြောဆိုသူမှာ တဦးတည်းသာရှိပြီး ကျန် ၄ ဆိုင်မှာ အရောင်းဝန်ထမ်းတွေလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ စားသုံးသူများကာကွယ်ရေး ဥပဒေအရ E- စီးကရက်ရောင်းချပါက ထောင်ဒဏ်  ၃ နှစ်ထက်မပို ဒဏ်ငွေ ဘတ် ၆ သိန်းထက်မပို ဒါမှမဟုတ် နှစ်မျိုးလုံး ကျခံရမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ E- စီးကရက် ရောင်းဝယ်သုံးစွဲတာကို တားမြစ်ထားပြီး လက်ဝယ်ထားရှိ ဖမ်းမိပါက တဘူးကို ဘတ် ၈,၀၀၀ ထိ ဒဏ်ငွေပေးဆောင်ရတယ်လို့ ဖမ်းဆီးရမိ သတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013