DVB Logo
Home
နိုင်ငံတကာ
ကင်ညာစစ်ဦးစီးချုပ် ရဟတ်ယာဉ်ပျက်ကျ သေဆုံး
DVB
·
April 19, 2024
ကင်ညာစစ်ဦးစီးချုပ် ရဟတ်ယာဉ်ပျက်ကျ သေဆုံး
Donate to DVB

ကင်ညာစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖရန်စစ်အိုမွန်ဒီအိုဂိုလာဟာ ဧပြီ ၁၈ ရက်က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့တယ်လို့ သမ္မတက အတည်ပြုပါတယ်။

ကင်ညာမှာ စစ်ဘက်ဆိုင်ရာ အကြီးဆုံးအရာရှိဖြစ်တဲ့ အိုဂိုလာဟာ တခြားစစ်ဘက်အမှုထမ်း ၁၁ ဦးနဲ့အတူ သေဆုံးခဲ့တာဖြစ်ပြီး ၂ ဦးပဲ အသက်ရှင်တယ်လို့ သိရပါတယ်။

“တိုင်းပြည်အတွက် အင်မတန် ကြေကွဲစရာ အခိုက်အတန့်ပဲ” လို့ သမ္မတ ဝီလျံရူတိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲ မပြုလုပ်ခင် အရေးပေါ် လုံခြုံရေးကောင်စီ အစည်းအဝေးတရပ်လည်း ကျင်းပခဲ့ပါတယ်။

ရဟတ်ယာဉ်ဟာ ပျံတက်ပြီး မကြာခင်မှာပဲ မြို့တော် နိုင်ရိုဘီ အနောက်မြောက်ဘက်က မိုင် ၂၅၀ အကွာမှာ ပျက်ကျသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကင်ညာလေတပ်က စစ်ဆေးရေးအဖွဲ့ စေလွှတ်ထားပါတယ်။

အိုဂိုလာကို စစ်ဦးစီးချုပ်အဖြစ် ပြီးခဲ့တဲ့နှစ် ဧပြီလကမှ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ကင်ညာမှာ ၃ ရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်သွားမှာဖြစ်ပြီး အလံတဝက် လွှင့်ထူထားမှာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013