DVB Logo
Home
နိုင်ငံတကာ
အီရန်တနိုင်ငံလုံးကို ဖောက်ခွဲပစ်ရန် သင့်၊ မသင့် ဆုံးဖြတ်နေဆဲဟု ထရမ့်ပ် ပြော
DVB
·
September 21, 2026
Photo: REUTERS/Evelyn Hockstein/File Photo
Photo: REUTERS/Evelyn Hockstein/File Photo
Donate to DVB

အီရန်တနိုင်ငံလုံးကို ဖောက်ခွဲပစ်ဖို့ သင့်၊ မသင့်နဲ့ ဘယ်အချိန်ဆိုတာ ဆုံးဖြတ်နေဆဲဖြစ်ပြီး၊ သူတို့ ကောင်းကောင်းနေသင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Fox News သတင်းဌာနနဲ့ စက်တင်ဘာ ၂၀ ရက်နေ့ အင်တာဗျူးမှာ ပြောပါတယ်။

မကြာမီ “အင်မတန်ကြီးကျယ်တဲ့ကိစ္စတွေ” ဖြစ်လာမယ်လို့ ပြောပေမဲ့ အသေးစိတ် မရှင်းပြခဲ့ပါဘူး။

နယူးယောက်မြို့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အီရန်သမ္မတ မာဆုဒ်ပဇက်ခီယန်နဲ့ တွေ့ဆုံဖို့လည်း လမ်းဖွင့်ထားတယ်လို့ ထရမ့်ပ်က ဆိုပါတယ်။

အီရန်ဘက်ကတော့ ထပ်မံတိုက်ခိုက်ခံရရင် အမေရိကန်အခြေစိုက်စခန်းတွေနဲ့ အကျိုးစီးပွားတွေကို ဆက်တိုက်လက်တုံ့ပြန်မယ်လို့ သတိပေးထာပြီး အမေရိကန်ရဲ့ ဒေသတွင်းမဟာမိတ်တွေကိုလည်း စစ်ပွဲမှာ ပါဝင်သူတွေအဖြစ် သတ်မှတ်မယ်လို့ ဆိုပါတယ်။

ထရမ့်ပ်ဟာ အရင်ကလည်း တိုက်ခိုက်မှုတိုးချဲ့ဖို့ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပေမဲ့ ပြောထားတဲ့ အစီအစဉ်တွေကို အကောင်အထည်မဖော်ခဲ့ပါဘူး။

စက်တင်ဘာ ၁၉ ရက်မှာလည်း အီရန်ထောက်ပံ့တဲ့ ဟူသီအဖွဲ့က ဆော်ဒီမြို့တော် ရီယာ့ဒ်ကို ဒုံးကျည်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဇွန်လက ရရှိခဲ့တဲ့ ယာယီအပစ်ရပ်သဘောတူညီချက်ဟာ စည်းကမ်းချက်တွေအပေါ် အငြင်းပွားမှုကြောင့် ဇူလိုင်လမှာ ပျက်ပြယ်သွားခဲ့ပါတယ်။ 

အမေရိကန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ခန့်မှန်းချက်အရ စက်တင်ဘာ ၃ ရက်အထိ စစ်စရိတ် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၆ ဘီလီယံ အနည်းဆုံး ကုန်ကျထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013