DVB Logo
Home
နိုင်ငံတကာ
ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ပါလက်စတိုင်း လျှောက်ထားမှု အမေရိကန် ဗီတိုဖြင့်ပယ်
DVB
·
April 19, 2024
ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ပါလက်စတိုင်း လျှောက်ထားမှု အမေရိကန် ဗီတိုဖြင့်ပယ်
Donate to DVB

ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂ တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားမှုကို ထောက်ခံကြောင်း ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီမှာ အမေရိကန်က ဗီတိုအာဏာနဲ့ ပယ်ချလိုက်ပါတယ်။

တကယ်လို့ ဧပြီ ၁၈ ရက် မဲခွဲပွဲမှာ အတည်ပြုနိုင်ခဲ့ရင် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဆက်လက်တင်ပြရမှာပါ။

ညီလာခံအဖွဲ့ဝင် ၁၉၃ နိုင်ငံမှာ သုံးပုံနှစ်ပုံ ထောက်ခံမှုရတာနဲ့ ပါလက်စတိုင်းဟာ အဖွဲ့ဝင်ဖြစ်လာရုံသာမကဘဲ ကမ္ဘာမှာ နိုင်ငံအဖြစ် အသိအမှတ်ပြုခံရမှာပါ။

“ပါလက်စတိုင်းနိုင်ငံကို အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုရန်” ထောက်ခံကြောင်း ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံမှာ ၁၂ နိုင်ငံက ထောက်ခံခဲ့ပါတယ်။

ဒါပေမဲ့ ဗြိတိန်နဲ့ ဆွစ်ဇာလန်က မဲမပေးဘဲ ကြားနေခဲ့ပြီး အမေရိကန်က ဗီတိုနဲ့ ပယ်ချခဲ့တာကြောင့် ဆုံးဖြတ်ချက် ပျက်ပြယ်သွားပါတယ်။

ပုံမှန်အားဖြင့် ၁၅ နိုင်ငံမှာ ၉ နိုင်ငံ ထောက်ခံရင် အတည်ဖြစ်ပေမဲ့ ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိတဲ့ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ် ငါးနိုင်ငံထဲက တနိုင်ငံကမှ မကန့်ကွက်ဖို့လိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယသံအမတ်ကြီး ရောဘတ်ဝုဒါက “အမေရိကန်ပြည်ထောင်စုဟာ နှစ်နိုင်ငံ အတူယှဉ်တွဲပေါ်ပေါက်ရေးကို ဆက်လက်ထောက်ခံသွားပါမယ်။ ဒီမဲပေးမှုဟာ ပါလက်စတိုင်းရဲ့ နိုင်ငံဖြစ်မှုကို ကန့်ကွက်တာ မဟုတ်ပါဘူး။ အဲဒီအစား သက်ဆိုင်သူတွေကြားမှာ တိုက်ရိုက်ဆွေးနွေးပြီးတော့မှသာ ပေါ်ပေါက်ရေးကို အသိအမှတ်ပြုတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပါလက်စတိုင်းသမ္မတ မာမွတ်အဘားစ်ကတော့ အမေရိကန်ရဲ့ ဗီတိုသုံးရတဲ့အကြောင်းရင်း ထုတ်ပြန်ချက်ဟာ “မမျှမတ၊ ကျင့်ဝတ်နဲ့မညီ၊ ကျိုးကြောင်းမဆီလျော်ဘူး” လို့ ဝေဖန်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013