DVB Logo
Home
မြန်မာသတင်း
နတ်မောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ 
DVB
·
April 18, 2024
နတ်မောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ 
Donate to DVB

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဂွေးချိုကျေးရွာအုပ်စု၊ ဖုန်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်လည်းဖြစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဦးခင်မောင်အေးဟာ ဧပြီ ၁၇ ရက်နေ့ ညနေက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “PDF တွေမြင်လို့ဆိုပြီး သူကအရင်စပစ်တာ။ ဟိုက ပြန်ပစ်တော့ သူသေရော။ သေတာပဲ ကောင်းပါတယ်ဗျာ၊ ရွာအပေါ်ကို ဒုက္ခပေးလွန်းတယ်။ စစ်မှုထမ်းကိစ္စကိုလည်း သူက အားသွန်ခွန်စိုက်လုပ်လွန်းတယ်။ သူ သေတော့ သူ့အိမ်က စစ်အသုံးအဆောင် ပစ္စည်တွေတွေ့လို့ PDF ရဲဘော်လေးတွေ သိမ်းသွားတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးကို စစ်ကောင်စီက သေနတ်အပါအ၀င် စစ်အသုံးအဆောင်တွေ ထုတ်ပေးထားတယ်ဆိုပြီး သတင်းရတာကြောင့် အခုလိုဆောင်ရွက်လိုက်ရတာလို့ ငါးပြေမ​-ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

“ခင်မောင်အေးကို ရှင်းပြီးတော့ သူ့ကိုယ်ပေါ်က ကာဘိုင်သေနတ် ၁ လက်နဲ့ ကျည် ၁၉ တောင့် တွေ့တယ်။ သူ့ကိုရှင်းပြီး သူ့အိမ်ကိုသွားရှာတော့ လက်ပစ်ဗုံး ၃ လုံး၊ ပစ္စတိုအတု ၁ လက်၊ ၉ မမကျည် ၄ တောင့်၊ အီကွေးမန့် ၇ စုံ၊ စစ်ဝတ်စုံ ၁၁ စုံ၊ ကျောပိုးအိတ် ၁ လုံး နဲ့  စစ်ဖိနပ် ၅ ရံ သိမ်းဆည်းခဲ့ရတယ်” လို့ ကျားသစ်နက်တပ်ဖွဲ့ရဲ့ တာ၀န်ခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုနဲ့ စစ်ပစ္စည်းတွေသိမ်းဆည်းမှုတွေကို ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့၊ နတ်မောက်-ပကဖ၊ ကြိုးကြာနီတပ်ဖွဲ့၊ မြို့သစ်-ပကဖ၊ နဲ့  Aung San’s Land တပ်ရင်း ၉၀၂ နဲ့  ငါးပြေမ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။

နတ်မောက်-ပကဖ ပြောရေးဆိုခွင့်ရှိသူတဦးက “ဒီကောင်တွေက ‌ေ-တပ်က မြှောက်စားထားလို့ ချိုကြွနေကြတာ။ ဟိုတလောကလည်း လက္ခုပင်ကျေးရွာအုပ်ကြီး ဘိုထွန်းကိုရှင်းပြီး  ပွိုင့်တူးတူး လက်လုပ်သေနတ်နဲ့ ကျည်တွေ သိမ်းခဲ့ရရသေးတယ်” လို့ ပြောပါတယ်။

သေဆုံးသူ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး ရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က နတ်မောက်မြို့ကို သယ်ဆောင်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013