DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်သင်္ကြန် လူ ၇ သိန်းကျော်ဝင်ရောက်၊ ဝင်ငွေ ဘတ်သန်းပေါင်း ၂၈၈၀ ကျော်ရရှိ 
DVB
·
April 18, 2024
ဘန်ကောက်သင်္ကြန် လူ ၇ သိန်းကျော်ဝင်ရောက်၊ ဝင်ငွေ ဘတ်သန်းပေါင်း ၂၈၈၀ ကျော်ရရှိ 
Donate to DVB

ထိုင်းနိုင်ငံရဲ့ ၂၀၂၄ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် Maha Songkran World Water Festival 2024 ကို နိုင်ငံတဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာမှာ မြို့တော်ဘန် ကောက်တခုတည်းတင်  ဧပြီ ၁၁ ရက်မှ ၁၅ ရက် ( ၅ ရက်) တာကာလအတွင်း လူပေါင်း ၇၈၄, ၈၈၃ ဦး ပါဝင်ဆင်နွှဲခဲ့ကြပြီး ပွဲတော်ဝင်ငွေ ဘတ်သန်းပေါင်း ၂၈၈၆ ဒသမ ၈၂ သန်းထိ လည်ပတ်ခဲ့တယ်လို့ ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ဘန်ကောက်ပွဲတော် လာရောက်ဆင်နွှဲသူတွေထဲမှာ ထိုင်းနိုင်ငံသား ၆၉၃၂၈၈ ဦး၊ နိုင်ငံခြားသားပေါင်း ၉၁၅၉၅ ဦး ရှိတယ်လို့  ထိုင်းခရီးသွားဝန်ကြီးဌာန ပြောခွင့်ရ နန်းဆောင်ထာပနီး ကစ်ဖိုင်းဘွန်းက ပြောပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသ ခွန်ကဲန်မြို့ ခေါက်နယိုလမ်းပေါ်ကျင်းပတဲ့   သင်္ကြန်ပွဲတော်မှာလည်း လူပေါင်း ၁၆၀၀၀၀ ကျော်ဝင်နွှဲကြပြီး ဝင်ငွေ ဘတ်သန်းပေါင်း ၁၂၀၀ ကျော်ရခဲ့တယ်၊ မနှစ်ကထက်စာရင် ဝင်ငွေ ၂ ဆ ပိုတိုးလာတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်အရေအတွက်မှာ ၂၀၂၄ ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၁၄ ရက်ထိ ၁၀, ၇၂၃, ၀၅၇ ဦးရှိပြီး ခန့်မှန်းခြေ ဝင်ငွေ ဘတ်သန်းပေါင်း ၅၁၈, ၀၃၆ ဘတ် ရခဲ့တယ်။ အဆိုပါ ကမ္ဘာလှည့်ခရီးသွားတွေထဲ အများဆုံးရောက်လာတဲ့ ၅ နိုင်ငံမှာ တရုတ်နိုင်ငံမှ အများဆုံး ၂, ၀၃၁, ၅၅၂ ဦး၊  အဲဒီနောက် မလေးရှားမှ ၁၃၉၁၀၅၇ ဦး၊ ရုရှားမှ ၆၉၅၆၂၄ ဦး၊ တောင်ကိုးရီးယားနိုင်ငံမှ ၆၁၉၁၈၆ ဦး၊ အိန္ဒိယနိုင်ငံမှ ၅၄၆,၉၃၅ ဦး ရှိတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံရဲ့ သင်္ကြန်ယဉ်ကျေးမှုကို ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိ အမှတ်ပြုလိုက်တာကြောင့် ဂုဏ်ပြုဝမ်းမြောက်တဲ့အနေနဲ့ ထိုင်းသင်္ကြန်ပွဲတော်ကို အခုနှစ် ဧပြီ ၈ ရက်မှ ၂၁ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနေတာပါ။ 

Source: ThaiPBS/PostToday

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013