DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ရှိထောင်များမှ အကျဉ်းသား ၂၀၀ ကျော်လွတ်၊ နိုင်ကျဉ်း ၄ ဦးသာပါဝင်
DVB
·
April 18, 2024
မွန်ပြည်နယ်ရှိထောင်များမှ အကျဉ်းသား ၂၀၀ ကျော်လွတ်၊ နိုင်ကျဉ်း ၄ ဦးသာပါဝင်
Donate to DVB

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ အကျဉ်းထောင်တွေကနေ ဧပြီ ၁၇ ရက် နှစ်ဆန်းတရက်က အကျဉ်းသား၊ အကျဉ်းသူ ၂၀၄ ဦး လွတ်မြောက်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား ၄ ဦးသာ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

စစ်ကောင်စီက နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ သထုံဈေးမသွယ်ထောင်က ၄ ဦး၊ ကျိုက်မရော ထောင်က အယောက် ၁၂၀၊ မော်လမြိုင်ထောင်က ၄၄ ဦး၊ ကျိုက်ထို မုပ္ပလင်ကုန်ထုတ်စခန်းက ၁၆ ဦး၊ ပေါင်မြို့နယ် ရင်းငြိမ်ကုန်ထုတ်စခန်းက ၁၁ ဦး၊ အင်းဗြောင်ကုန်ထုတ်စခန်းက ၆ ဦးနဲ့ ဇင်းကျိုက်ကုန်ထုတ်စခန်းက ၃ ဦးတို့ကို လွှတ်ပေးခဲ့ရာ  လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား ၄ ဦးသာ ပါတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောတယ်။

"ဒီတခေါက်လွတ်တဲ့ ၂၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုလို့ ကျိုက်မရောက မိန်းကလေး ၃ ယောက် နဲ့ သထုံက ယောကျာ်းလေးတယောက်ပဲပါတယ်။ လွတ်လပ်ရေးနေ့နဲ့ယှဉ်ရင် အတော်လေးကို နည်းတဲ့ပမာဏလို့ ပြောလို့ရတယ်။ အခုလွတ်သွားတဲ့ ၄ ဦးကလည်း လပိုင်းလောက်ပဲ ကျန်တော့တဲ့ လွတ်ရက်စေ့ခါနီးတွေပါပဲ။" 

သထုံဈေးမသွယ်ထောင်မှာ လက်ရှိ နိုင်ငံရေးအကျဉ်းသား  ၂၀၀ လောက်နဲ့ ‌ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ လောက် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲပဲလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

စစ်ကောင်စီက နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအကျဥ်းထောင်၊ အချုပ်ထောင် အသီးသီးမှာရှိတဲ့ အကျဥ်းသား ၃၃၀၃ ဦးကို ခံဝန်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ ဧပြီ ၁၇ ရက်မှာ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ကလည်း မွန်ပြည်နယ်ရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းတွေကနေ ပုဒ်မ-၅၀၅(က) နဲ့ အကျဉ်းကျခံရတဲ့ ၃၁ ဦး အပါအဝင် အကျဉ်းကျခံရသူ ၆၇၀ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013