DVB Logo
Home
နိုင်ငံတကာ
လူငယ်များကို ဆေးလိပ်ရောင်းခွင့်ပိတ်သည့်ဥပဒေကြမ်း ယူကေ အောက်လွှတ်တော် အတည်ပြု
DVB
·
April 18, 2024
လူငယ်များကို ဆေးလိပ်ရောင်းခွင့်ပိတ်သည့်ဥပဒေကြမ်း ယူကေ အောက်လွှတ်တော် အတည်ပြု
Donate to DVB

၂၀၀၉ ခုနှစ်နောက်ပိုင်း မွေးဖွားတဲ့ လူငယ်မျိုးဆက်သစ်တွေကို ဆေးလိပ်ရောင်းချခွင့် လုံးဝပိတ်ပင်တဲ့ ဥပဒေကြမ်းကို ယူကေပါလီမန်ရဲ့ အောက်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ 

အထက်လွှတ်တော်မှာ ဆွေးနွေး၊ ပြင်ဆင်မှုတချို့ ရှိနိုင်ပေမဲ့  ဥပဒေအဖြစ် အတည်ပြုဖို့ကတော့ သေချာသလောက်ရှိသွားပြီ ဖြစ်ပါတယ်။ ၂၀၂၄ ဒုတိယနှစ်ဝက် အထွေထွေရွေးကောက်ပွဲမတိုင်ခင် အတည်ဖြစ်လာဖို့ များပါတယ်။ 

ဝန်ကြီးချုပ် ရီရှီဆူနက်က တင်သွင်းတဲ့ ဒီဥပဒေကြမ်းကို ဝန်ကြီးချုပ်ဟောင်း ၂ ဦး အပါအဝင် ကွန်ဆာဗေးတစ်ပါတီထဲက ခေါင်းဆောင်ပိုင်းအချို့က ကန့်ကွက်ခဲ့ကြတာ ရှိပါတယ်။ 

ကျန်းမာရေးဝန်ကြီး ဗစ်တိုးရီးယားအက်ကင်းစ်ကတော့ “စွဲလမ်းမှုမှာ လွတ်လပ်ခွင့်ဆိုတာ မရှိဘူး” လို့ ချေပပြီး ဆေးလိပ်ကင်းစင်မျိုးဆက်ကို ဖန်တီးမယ်လို့ ပြောပါတယ်။ 

Tobacco and Vapes ဥပဒေကြမ်းကို ထောက်ခံမဲ ၃၈၃ မဲ ရှိခဲ့ပြီး ကန့်ကွက်မဲက ၆၇ မဲပဲ ရှိခဲ့ပါတယ်။ ဥပဒေအဖြစ် အတည်ပြုနိုင်ခဲ့ရင် ယူကေဟာ ကမ္ဘာမှာ အတင်းကျပ်ဆုံး ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဥပဒေပြဋ္ဌာန်းတဲ့နိုင်ငံ ဖြစ်လာမှာပါ။ 

ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆစ်ကတော့ ဝင်စတန်ချာချီရဲ့ပါတီက ဆေးလိပ်ကို ပိတ်ချင်တယ်ဆိုတာ အရူးထတာပဲလို့ ဝေဖန်ထားပါတယ်။

ဒီဥပဒေအပေါ်  ကွန်ဆာဗေးတစ်ပါတီတွင်း ကန့်ကွက်မှုတွေ ရှိနေတာကြောင့် ပါတီလိုင်းအတိုင်း မဲပေးစရာမလိုဘဲ ပါတီဝင်အမတ်တွေ လွတ်လွတ်လပ်လပ် မဲပေးခွင့်ပြုခဲ့တာပါ။ ကွန်ဆာဗေးတစ် အမတ် ၁၇၈ ဦး ထောက်ခံပြီး ၅၇ ဦးက ကန့်ကွက်မဲပေးခဲ့ကာ ၁၀၆ ဦးက မဲမပေးခဲ့ကြပါဘူး။ အတိုက်အခံ လေဘာပါတီကတော့ အားလုံး ထောက်ခံခဲ့ပါတယ်။

Source/Photo - REUTERS/Isabel Infantes

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013