DVB Logo
Home
မြန်မာသတင်း
မိုင်းလား တဖက်ကမ်း တရုတ်ဘက်ခြမ်း တာလော့ဖရဲကွင်းတွင် ကုန်ကားအချို့ မီးလောင်
DVB
·
April 17, 2024
မိုင်းလား တဖက်ကမ်း တရုတ်ဘက်ခြမ်း တာလော့ဖရဲကွင်းတွင် ကုန်ကားအချို့ မီးလောင်
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ ၄၊ မိုင်းလားရဲ့ တဖက်ကမ်း တရုတ်ဘက်ခြမ်းက တာလော့နယ်စပ် ဖရဲကွင်းမှာ ဧပြီ ၁၅ ရက်က ကားမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

“မြန်မာကားတစီး ပါတယ်။ တရုတ်ကား တစီး ပါတယ်။ နောက်စီးက ကုန်ပါသွားတယ်။ ကားတော့ မလောင်လိုက်ဘူး။ ကုန်က တော်တော်များများ တဝက်နီးပါး ပါသွားတာ။ မီးသတ်ကား အချိန်မီ ငြှိမ်းသတ်နိုင်လို့။ မငြှိမ်းသတ်နိုင်ရင် အဲဒီတစီးပါ ထပ်ပါအုံးမှာ အဲဒီနားမှာ မီးဆော့တာ၊ မီးရှို့တာ မလုပ်ဘဲနဲ့ သူ့ဘာသာ ထလောင်လာတာကြောင့် ရာသီဥတု အရမ်းပူလို့ လောင်လာတာလို့ ယူဆတယ်။ ဒီကားတစီးနဲ့ ရင်းနှီး စားသောက်နေတဲ့ ကားဆရာဆိုရင် ဘယ်လို လုပ်မှာတုန်း။ လျော်ကြေးကျတော့ ဘယ်လို လုပ်မှာတုံး” လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တဦးက ပြောပါတယ်။ 

ကားချိန်းဖို့ လုပ်နေချိန် တရုတ်ကားကနေ စတင် မီးထလောင်ကာ ဘေးက ဗမာကားတစီးနဲ့ နောက်ထပ် တရုတ်ကားတစီးပေါ်က ကုန်တွေဘက်ပါ ကူးစက်လောင်ကျွမ်းသွားတာ ဖြစ်ပြီး ဘာကြောင့် ဘယ်လို လောင်တယ်ဆိုတာ အတိအကျ မသိရဘူးလို့ သူက ပြောပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းက ကုန်သွယ်ရေးလမ်းကြောင်းတွေ ရပ်တန့်သွားလို့ ရှမ်းအရှေ့ပိုင်းဘက်ပဲ ကုန်ကားတွေ စုပြုံ ပြွတ်သိပ်လို့ အခက်အခဲဖြစ်ပြီး ဖရဲတွေ ရောင်းမရ ခက်ခဲနေချိန် ကားပါ မီးလောင် ဆုံးရှုံးရပြန်ကာ အခက်အခဲ ပြဿနာမျိုးစုံ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ် အဓိကကုန်သွယ်ရာ မူဆယ်၊ ကျင်စန်းကျော့ဂိတ်နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ကို ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့အချိန်ကစပြီး နယ်စပ်ကုန်သွယ်မှု ရပ်တန့်သွားလို့ လက်ရှိမှာ ရှမ်းအရှေ့ပိုင်းဘက်ကနေသာ ကုန်သွယ်နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013