DVB Logo
Home
နိုင်ငံတကာ
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံဈေးနှုန်းအပေါ်  သက်ရောက်နိုင်
DVB
·
April 17, 2024
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံဈေးနှုန်းအပေါ်  သက်ရောက်နိုင်
Donate to DVB

အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေဟာ နိုင်ငံတကာ ရေနံဈေးနှုန်းတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပြီး တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးနဲ့ ထောက်ပံ့ရေး ကွင်းဆက်အပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုရှိကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ဧပြီ ၁၆ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။ 

တောင်ကိုရီးယားနိုင်ငံဟာ ဒေသတွင်းမှာ အီရန်နိုင်ငံရဲ့ စွမ်းအင်ကို မှီခိုနေရတာဖြစ်ပြီး အစ္စရေးကို အီရန်က တိုက်ခိုက်ခဲ့အပြီး အရှေ့အလယ်ပိုင်းမှာ မြင့်တက်လာနေတဲ့ တင်းမာမှုတွေကနေ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်တုံ့ပြန်ထားသင့်ကြောင်းလည်း သမ္မတ ယွန်းက အစည်းအဝေးအစပိုင်းမှာ ပြောပါတယ်။ 

“တောင်ကိုရီးယားရဲ့ လုံခြုံရေးအပေါ် အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကျိုးသက်ရောက်မှုတွေအပြင် မြောက်ကိုရီးယားဆီက ဖြစ်ပေါ်လာနိုင်တဲ့ ရန်စမှုတွေ၊ အန္တရာယ်အမျိုးမျိုးအတွက်  အားကောင်းပြီး အဆင်သင့်ရှိမှုတွေ၊ ကြိုတင်တုံ့ပြန်မှုတွေ ရှိသင့်ပါတယ်။” 

အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းအပေါ် တောင်ကိုရီးယားဟာ ၇၂ ရာခိုင်နှုန်း မှီခိုနေရတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ နိုင်ငံတကာရေနံဈေးနှုန်းတွေ သိသိသာသာ တိုးမြင့်လာကာ ပြည်သူတွေအနေနဲ့ ပိုပြီး အနာခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဟော်မုဇ် ရေလက်ကြားဟာ တောင်ကိုရီးယားကိုတင်သွင်းတဲ့ ရေနံရဲ့ ၆၀ ရာခိုင်နှုန်းအတွက် သယ်ယူပို့ဆောင်ရေးစင်္ကြံဖြစ်ကြောင်းလည်း သမ္မတ ယွန်း က ပြောပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013