DVB Logo
Home
မြန်မာသတင်း
မြန်မာနှစ်သစ်ကူးနေ့ အကျဉ်းသား ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး
DVB
·
April 17, 2024
မြန်မာနှစ်သစ်ကူးနေ့ အကျဉ်းသား ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး
Donate to DVB

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေအသီးသီးမှာ  အကျဉ်းကျခံနေရတဲ့  အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း  ၃၃၀၃ ယောက်ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း  ဒီနေ့  ဧပြီ ၁၇  မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ 

မြန်မာနှစ်သစ် မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်နဲ့  စခန်း အသီးသီးမှာ  ပြစ်ဒဏ်ကျခံနေရတဲ့  အကျဉ်းသား၊ အကျဉ်းသူတွေကို ပြန်လွှတ်ပေးလိုက်တာလို့ဆိုပါတယ်။

ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တကြိမ် ပြစ်မှုကျူးလွန်ရင် အဲဒီ ပြစ်ဒဏ်အပြင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့  ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အကျဉ်းထောင်၊ အချုပ်ထောင်တွေမှာ ပြစ်ဒဏ်ကျနေရတဲ့ နိုင်ငံခြားသား အကျဉ်းသူ၊ အကျဉ်းသား ၈ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသူတွေထဲမှာ ဘယ်ထောင်က ဘယ်အကျဉ်းသားတွေ ပါဝင်လဲဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်ကနေ ဧပြီ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆၅၂၄ ဦးရှိပြီး ဒီအထဲက ၂၀၃၅၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက် ၈၉၄၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP ) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013