DVB Logo
Home
မြန်မာသတင်း
ထားဝယ်ခရိုင်တွင် ခလရ ၁၀၃ တပ်ရင်းမှူးအပါ တပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချ
DVB
·
April 16, 2024
ထားဝယ်ခရိုင်တွင် ခလရ ၁၀၃ တပ်ရင်းမှူးအပါ တပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချ
1 / 4
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၄ နယ်မြေ၊ ဘိတ်(မြိတ်)−ထားဝယ်ခရိုင်အတွင်း တပ်စခန်းစွန့်ခွာလာတဲ့ စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄၈ ယောက် လက်နက်မျိုးစုံနဲ့အတူ လက်နက်ချအညံ့ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဧပြီ ၁၅ ရက်က စစ်ကောင်စီရဲ့ ခလရ−၁၀၃ တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် တပ်ဖွဲ့ဝင် ၄၈ ယောက်ဟာ တပ်စခန်းကို စွန့်ခွာပြီး ထီးထာ့ဗျူဟာကို ပူးပေါင်းဖို့အသွား မောထာဒေသနဲ့ ထီးတာ့ကြားမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၆ ယောက်သေဆုံးပြီးနောက် ကျန်တပ်ဖွဲ့ဝင်တွေက  လက်နက်ချအညံ့ခံခဲ့တာကြောင့် လက်နက်ကြီးလက်နက်ငယ် ၆၇ လက်ကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။

လက်နက်ချ အညံ့ခံလာတဲ့ ခလရ ၁၀၃ တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် တပ်ဖွဲ့ဝင် ၄၈ ယောက်ကို နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေနဲ့အညီ ဘိတ်(မြိတ်)−ထားဝယ်ခရိုင် တာဝန်ရှိသူတွေက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

တပ်မဟာ ၄ နယ်မြေ၊ ဘိတ်(မြိတ်)−ထားဝယ်ခရိုင်တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် ဆက်သွယ်လို့မ ရခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013