DVB Logo
Home
မြန်မာသတင်း
အချိန်အခါမဟုတ်မိုးရွာ လေပြင်းတိုက်ခတ်နိုင်ဟု သတိပေး
DVB
·
April 16, 2024
အချိန်အခါမဟုတ်မိုးရွာ လေပြင်းတိုက်ခတ်နိုင်ဟု သတိပေး
Donate to DVB

အချိန်အခါမဟုတ်မိုးရွာခြင်းနဲ့အတူ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုးသီးကြွေ မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းတဲ့ဒေသတွေမှာ လေပြင်းတိုက်ခတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့  ကြိုတင်သတိပြုကြဖို့ မိုးဇလဌာနက တိုက်တွန်းထားပါတယ်။

ဧပြီ ၁၇ ရက်မှ ၂၄ ရက်အတွင်း အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ တိမ်တိုက်တွေကြောင့် လည်းကောင်း၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာကြောင့် လည်းကောင်း ပြည်နယ်နဲ့တိုင်း တချို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုးသီးကြွေစတဲ့ မိုးလေဝသ ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုဖို့ အကြံပြုတိုက်တွန်းထားပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

Photo - မိုးဇလ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013