DVB Logo
Home
မြန်မာသတင်း
ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမမူကြမ်း စတင်ရေးဆွဲမည်
DVB
·
April 15, 2024
ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမမူကြမ်း စတင်ရေးဆွဲမည်
Donate to DVB

တိုင်းရင်းသားအားလုံး ပါဝင်မယ့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပထမမူကြမ်းကို မကြာခင်မှာ စတင်ရေးဆွဲတော့မှာဖြစ်သလို အသွင်ကူးပြောင်းရေးကာလရောက်ပြီလို့ သတ်မှတ်ကြတဲ့နေ့မှာ အဲဒီမူကြမ်းကို အတည်ပြုပြီး လိုအပ်တဲ့ အချက်တွေ ထပ်ပြီး ပြင်ဆင်ကြဖို့ သဘောတူထားကြပြီလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ပြောပါတယ်။

ဒုတိယအကြိမ် ပြည်သူ့ညီလာခံ ပြီးတာနဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမမူကြမ်းကို ရေးဆွဲကြဖို့ NUCC အတွင်းမှာ သဘောတူညီချက်ရရှိခဲ့ပြီး ဖြစ်သလို အဲဒီမူကြမ်းရေးတဲ့အခါ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အားလုံးအပြင် တော်လှန်ရေးအင်အားစုအားလုံးနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကိုယ်စားပြုနိုင်သူအားလုံး ပါဝင်ရေးဆွဲကြဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ကြဖို့လည်း သဘောတူခဲ့ကြတယ်လို့ NUCC တာဝန်ရှိသူတွေက ပြောပါတယ်။

တော်လှန်ရေးကာလ ကြားကာလအလွန် အသွင်ကူးပြောင်းရေးကာလမှာ အားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ မသွားနိုင်ခဲ့ရင် ပြည်ထောင်စုကြီး ပြိုကွဲသွားနိုင်တာကြောင့် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အရေးတကြီးလိုအပ်နေပြီး အားလုံးပါဝင်ရေးဆွဲကြမယ့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတခု ပေါ်ပေါက်လာရေးကို လုပ်ဆောင်သွားမယ်လို့ NUCC အဖွဲ့ဝင် နိုင်မွန်စိုင်းက ပြောပါတယ်။

လက်ရှိအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီထဲမှာ တိုင်းရင်းသားတော်လှန်ရေးအစု အဖွဲ့တွေအပြင် ဖက်ဒရယ်ပဋိညာဉ်အရ ပါဝင်ကြမယ့်အစုအဖွဲ့တွေ ပါဝင်တဲ့ အချိုးအစားနည်းနေတာဟာ ဖက်ဒရယ်ပဋိညာဉ်အစိတ်အပိုင်း ၂ ကို သဘောတူညီမှုမရှိတာနဲ့  NUCC အနေနဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စတွေကို ရှင်းလင်းတိကျစွာ မဖော်ပြနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ဖက်ဒရယ်ပဋိညာဉ်ဆွဲပြီးတာနဲ့ မကြာခင်မှာဘဲ အသွင်ကူးပြောင်းရေးဆိုင်ရာ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ဖို့အတွက် ဆောင်ရွက်ကြတဲ့အခါမှာ အားလုံးပါဝင်နိုင်ရေးအပြင် အတည်ပြုချက် ရယူနိုင်ရေးကိစ္စတွေမှာ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ခြင်း မရှိတာကြောင့် ကြန့်ကြာခဲ့ကြတာဖြစ်ပြီး ဒုတိယအကြိမ်ညီလာခံ မတိုင်ခင်မှာတော့ အဲဒီအချက်အားလုံး သဘောတူညီချက်ရရှိခဲ့ပြီးဖြစ်တယ်လို့ နိုင်မွန်စိုင်းက ပြောပါတယ်။

အဲဒီအတွက်ကြောင့် အသွင်ကူးပြောင်းရေးဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပေဒေ ပထမမူကြမ်းကို လက်ရှိ တော်လှန်ရေးကာလမှာ NUCC မှ ာရေးဆွဲထားပြီး ကျယ်ပြန့်တဲ့အင်အားစုအားလုံးနဲ့ သဘောတူညီချက်ရရှိအောင် ဆောင်ရွက်ကြဖို့ သဘောတူညီမှုတွေရရှိထားတယ်လို့လည်း NUCC အဖွဲ့ဝင်  ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ ဒုတိယအကြိမ်ပြည်သူ့ညီလာခံကို ဧပြီ ၄ ရက်မှ  ၉ ရက်အထိ ၅ ရက်ကြာကျင်းပခဲ့ပြီး အစုအဖွဲ့ ဖက်ဒရယ်ပဋိညာဉ် အစုအဖွဲ့ ၅ ဖွဲ့က ကိုယ်စားလှယ် ၂၀၄ ယောက်တက်ရောက်ခဲ့ကာ ဒေသန္တရအုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စ၊ အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကိစ္စတွေကို ဆွေးနွေး သဘောတူညီခဲ့ကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013