DVB Logo
Home
နိုင်ငံတကာ
ထိုင်းသင်္ကြန်‌ကာလ ၄ ရက်အတွင်း ယာဉ်မတော်တဆကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိ 
DVB
·
April 15, 2024
ထိုင်းသင်္ကြန်‌ကာလ ၄ ရက်အတွင်း ယာဉ်မတော်တဆကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိ 
Donate to DVB

ထိုင်းနိုင်ငံရဲ့ အခုနှစ် ဆုန်ကရန် (သင်္ကြန်)ရေသဘင်ပွဲကာလ ၄ ရက်အတွင်း ယာဉ်မတော်တဆ ဖြစ်မှုကြောင့် သေဆုံးသူ ၁၆၂ ဦးရှိပြီး ဒဏ်ရာရသူ ၁၂၇၉ ဦးရှိတယ်လို့  ထိုင်းနိုင်ငံ ၂၀၂၄ သင်္ကြန်ကာလယာဉ်မတော်တဆထိခိုက်မှုကာကွယ်ရေးနဲ့စီမံရေးက ဧပြီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သင်္ကြန်ပွဲတော်တွင်း ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ်ရှိကာလကို ဧပြီ ၁၁ မှ ၁၇ ရက်ထိ  ၇ ရက်တာ သတ်မှတ်ထားရာမှာ ဧပြီ ၁၁ မှ ၁၄ ရက်ထိ ၄ ရက်အတွင်း ယာဉ် မတော်တဆထိခိုက်မှု ၁၂၅၉ ကြိမ် ဖြစ်ပွါးခဲ့ပြီး သေဆုံးသူ ၁၆၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ၁၂၇၉ ဦးရှိတယ်လို့  ဒီမနက် လုပ်ငန်းဆိုင်ရာနေ့စဉ်အစည်းအဝေးမှာ ယာဉ်မတော်တဆ ထိခိုက်မှုကာ ကွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကွန်းချိုင်း ခလိုင်းခလိန့်က ပြောပါတယ်။

သေဆုံးဒဏ်ရာရသူတွေရဲ့ အသက်အရွယ်မှာ အများဆုံးမှ အသက် ၂၀ မှ ၂၉ နှစ်ကြား လူငယ်လူရွယ်တွေဖြစ်ပြီး မတော်တဆဖြစ်ရခြင်းအကြောင်းရင်းကတော့ သတ်မှတ်နှုန်းထားထက် အမြန်မောင်းနှင်ခြင်းနဲ့  မူးယစ်နေစဉ် မောင်းနှင်ခြင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

နခွန်းဆီထမရတ်ခရိုင်မှာ အကြိမ် ၅၀ နဲ့ မတော်တဆဖြစ်မှု အများဆုံးဖြစ်ပြီး၊ နခွန်းစဆီထမရတ်ခရိုင်မှာတော့  ၅၄ ဦးနဲ့ ဒဏ်ရာရသူအများဆုံးခရိုင်ဖြစ်ကာ၊ သေဆုံးသူအများဆုံးခရိုင်တွေကတော့ ဘန်ကောက်နဲ့ လွဲ့အစ်ခရိုင်တွေမှာ ၁၀ ဦးစီ ရှိပါတယ်။

ဧပြီ ၁၄ ရက် တရက်တည်းမှာ မတော်တဆဖြစ်မှုပေါင်း ၃၁၇ ကြိမ် ဖြစ်ခဲ့ပြီး ဒဏ်ရာရသူ ၃၁၁ ဦး ၊ သေဆုံးသူ ၃၈ ဦး ရှိပါတယ်။ မတော်တဆဖြစ်မှုနဲ့ ထိခိုက်ဒဏ်ရာရသူအများဆုံးမှာ နန့် ခရိုင်၊ သေဆုံးသူအများဆုံး နခွန်းဆဝမ် ၃ ဦး ၊ သေဆုံးသူ လုံးဝမရှိတဲ့ခရိုင်ပေါင်း ၂၁ ခရိုင်ရှိတယ်။

၂၀၁၄ သင်္ကြန်ကာလ ယာဉ်မတော်တဆမှုကာကွယ်ရေး စောင့်ကြည့်ဖို့အတွက် စစ်ဆေးရေး ဂိတ်ပေါင်း ၁၇၆၃ ဂိတ် ၊ လုံခြုံရေးဝန်ထမ်းပေါင်း ၅၁၅၂၉ ဦး ချထားတယ်လို့  ဗိုလ်မှူးကြီး ကွန်းချိုင်း ခလိုင်းခလိန့်က  ပြောပါတယ်။

ယာဉ်မတော်တဆမှုဖြစ်ပွါးက အရေးပေါ်ဖုံးလိုင်း ၁၇၈၄ သို့ ၂၄ နာရီ ဒါမှမဟုတ် LINE @1784DDPM  ထံ ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ်။

Source: ThaiPBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013