DVB Logo
Home
မြန်မာသတင်း
အာရှလမ်းပေါ် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီ သံချပ်ကာကားများ စွန့်ခွာထွက်ပြေး
DVB
·
April 14, 2024
အာရှလမ်းပေါ် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီ သံချပ်ကာကားများ စွန့်ခွာထွက်ပြေး
1 / 3
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အာရှလမ်းမပေါ်မှာ ဧပြီ ၁၃ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းစစ်ကြောင်းတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး သံချပ်ကားနဲ့ Faw ကားတွေကို စွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။

တတန်ကူး​ကျေးရွာနားက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အထိနာပြီး ဆုတ်ခွာ ထွက်ပြေးသွားခဲ့တာကြောင့် လမ်းပေါ်မှာ သံချပ်ကာ ကား တစီး၊ ​Faw ကား ၈ စီး ကျန်ခဲ့တဲ့အပြင် မနီးမဝေး လမ်း​ဘေးသစ်ပင်​အောက်မှာ သံချပ်ကာကား ၂ စီး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၂ ရက်ကစတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေက လက်နက်ကြီးနဲ့ သံချပ်ကာကားနဲ့ ပစ်ကူ​အဆက်မပြတ် အသုံးပြုပြီး စကစ ၁၂ ထဲက​နေ ​တောက်​လျှောက် ထိုးစစ်ဆင်လာတာကြောင့် ကော့ကရိတ်မြို့ထဲမှာ ​နေရာယူတပ်စွဲထားတဲ့ KNLA  ပူး​ပေါင်းတပ်ဖွဲ့​တွေက ရန်သူပစ်အားနဲ့ အ​ခြေအ​နေကို သုံးသပ်ပြီး ပြန်လည်ဆုတ်ခွာ​ပေးခဲ့တာပါ။

ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “အဲဒီလို ဆုတ်ခွာ​ပေးလိုက်တာက လက်ရှိ ကျ​နော်တို့​ နေရာယူ တပ်စွဲထားတဲ့ ​နေရာ​တွေက မြို့စွန် ရပ်ကွက်​တွေထဲဖြစ်ပြီး အခိုင်အမာခံစစ်ဆင်ပြီး ရန်သူကို တိုက်ခိုက်ဖို့ အဆင်မ​ပြေတဲ့​ နေရာ​တွေ ဖြစ်လို့။ ကျ​နော်တို့ အဲဒီလို ဆုတ်ခွာ​ပေးလိုက်တဲ့အတွက် ရန်သူက သံချပ်ကားပစ်ကူ ကားတန်းကြီးနဲ့ အလျင်အမြန်ထိုး​ဖောက်ဖို့ ကြိုးစားခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ​ကော့ကရိတ်မြို့အလွန် အာရှလမ်းမကြီးရဲ့ ​တောင်တက်လမ်းကို စတင်ဝင်​ရောက်မယ့် တတန်ကူး​နေရာအ​ရောက်မှာ​တော့ စနစ်တကျ ခံစစ်ပြင်ဆင်​ စောင့်ကြို​နေတဲ့ KNLA ပူး​ပေါင်းတပ်ဖွဲ့​တွေရဲ့ ​စောင့်ကြို​ချေမှုန်းတာကို မရှုမလှခံပြီး ဆုတ်ခွာထွက်​ပြေးသွားခဲ့တာကြောင့် ရှေ့ဆက်ပွဲစဥ်​​တွေမှာ ဘာဆက်ဖြစ်လာမလဲဆိုတာ ​စောင့်ကြည့်​ပေးဖို့ ပြောချင်တယ်လို့ စစ်ဗျူဟာမှူးက ပြောပါတယ်။

ဧပြီ ၉ ရက်နေ့က စတင်ပြီး ဘားအံမြို့ကတဆင့် မြဝတီမြို့ကို စစ်ကောင်စီတပ်ဘက်က လူ လက်နက်ခဲယမ်း ဖြည့်တင်းဖို့ လာရောက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သံချပ်ကာယာဉ်တန်းဟာ လမ်းကြောင်းတလျှောက် KNLA ပူး​ပေါင်းတပ်ဖွဲ့​တွေရဲ့ ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဧပြီ ၁၀ ရက်နေ့ ည ၁၀ နာရီက မြဝတီမြို့၊ ခလရ ၂၇၅ တပ်ရင်းကို KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံး၊ အရှင်ဖမ်းဆီးရမိသူမရှိဘဲ တပ်မမှူးနဲ့ အင်အား ၂၀၀ ​လောက်က တပ်ရင်းကိုစွန့်ခွာပြီး ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားဘက်ကို ပြန်ဆုတ်ခွာထွက်ပြေးခဲ့ပါတယ်။

လက်ရှိအချိန်အထိ သင်္ကန်းညီနောင်ဗျူဟာ အပါအဝင် ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခလရ ၂၇၅ တပ်ရင်းတွေကို KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Photo - ပုံဟောင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013