DVB Logo
Home
နိုင်ငံတကာ
ဆစ်ဒနီတွင် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပြီး ၅ ဦးထက် မနည်းသေဆုံး 
DVB
·
April 14, 2024
ဆစ်ဒနီတွင် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပြီး ၅ ဦးထက် မနည်းသေဆုံး 
Donate to DVB

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ကမ်းခြေရပ်ကွက် ဘွန်ဒီက ရှော့ပင်းစင်တာတခုမှာ ဧပြီ ၁၃ ရက်က လူတဦးက ဓားနဲ့တိုက်ခိုက်လို့ ၅ ဦးထက်မနည်း သေဆုံးပြီး ကျူးလွန်သူကိုလည်း အသေပစ်ခတ်ဖမ်းဆီးမိတယ်လို့ ကနဦးသတင်းတွေက ဖော်ပြပါတယ်။ 

ဒေသစံတော်ချိန် ညနေ ၄ နာရီဝန်းကျင်မှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးတဦးအပါအဝင် ၈ ဦးကို ဆေးရုံခေါ်သွားခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

ဘီဘီစီသတင်းကတော့ ငါးဦးသေဆုံးတယ်လို့ ဖော်ပြပါတယ်။ အခင်းဖြစ်ရှော့ပင်းစင်တာ တဝိုက်က လူရာနဲ့ချီပြီး ကယ်ထုတ်ခဲ့ပါတယ်။  

ဒါပေမဲ့ နောက်ပိုင်း သတင်းတွေအရ ကျူးလွန်သူဟာ အဖော်မပါဘဲ တဦးတည်း လှုပ်ရှားသူ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဓားကိုင်ထားသူဟာ တွေ့သမျှ လိုက်လံတိုက်ခိုက်နေတာကြောင့် ရဲအရာရှိ အမျိုးသမီး တဦးက သေနတ်နဲ့ ပစ်ခတ်လိုက်ရတာလို့ မျက်မြင်သက်သေ တစ်ဦးက ဩစတြေးလျ အေဘီစီရုပ်သံကို ပြောပါတယ်။  

ရဲအရာရှိအမျိုးသမီးဟာ သေနတ်နဲ့ ပစ်ခတ်အပြီးမှာ အရေးပေါ်အသက်ကယ်နည်းနဲ့ ကျူးလွန်သူ ကို အသက်ရှူအောင် ကြိုးစားခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ ဘီဘီစီသတင်းကတော့ အဲဒီ ဓားကိုင် ကျူးလွန်သူလည်း သေဆုံးပြီလို့ ဖော်ပြပါတယ်။

Source/Photo - REUTERS/Kirsty Needham

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013