DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ရက် YBS ဘတ်စ်ကားပြေးဆွဲသည့် အစီးရေနည်းပါးပြီး ယာဉ်စီးခ ပိုတောင်းနေ 
DVB
·
April 14, 2024
သင်္ကြန်ရက် YBS ဘတ်စ်ကားပြေးဆွဲသည့် အစီးရေနည်းပါးပြီး ယာဉ်စီးခ ပိုတောင်းနေ 
Donate to DVB

ရန်ကုန်မြို့မှာ သင်္ကြန်ကာလ YBS ဘတ်စ်ကား အစီးရေအနည်းငယ်ပဲ ပြေးဆွဲလို့ ခရီးသွားတွေ အခက်တွေ့ရပြီး ယာဥ်စီးခတွေ ပိုပေးရတာလည်းရှိတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

ဒီနှစ်သင်္ကြန်ရက်မှာ ပြေးဆွဲတဲ့ ဘတ်စ်ကားစီးရေဟာ အရင်နှစ်တွေထက် လျော့နည်းခဲ့ပြီး ခရီးသည်တွေဟာ ကားဂိတ်တွေမှာ အချိန်ကြာမြင့်အောင် စောင့်ဆိုင်းရတယ်လို့  ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတဦးက “ဆူးလေကို အရင်က ယာဥ်လိုင်းလေးလိုင်းဆွဲတာ၊ အခု တစ်သုံးလုံး တလိုင်းပဲ ထွက်တယ်။ ဒါတောင် တစီးနဲ့တစီး အကြာကြီးစောင့်ရတယ်။ ကားဂိတ်မှာ စောင့်တဲ့သူများသလို ကားပေါ်ကျတော့လည်း ကြပ်ညပ်နေတာပဲ။ အရင်နှစ်တွေက အဲဒီလောက် မဆိုးဘူး။ သင်္ကြန်ကျန်တဲ့ရက်တွေဆို ပိုဆိုးမလားမပြောတတ်ဘူး”လို့ ပြောပါတယ်။

ယာဥ်စီးခအနေနဲ့လည်း အတက်အဆင်း ပုံသေ ၅၀၀ ကျပ်ပေးရပြီး ဒီထက်ပိုတောင်းတာရှိသလို အောက်ဆိုက်ကားတွေကတော့ အနည်းဆုံး တဦး ကျပ်  ၁၀၀၀ တောင်းယူနေတယ်လို့လည်း ခရီးသွားတွေက ပြောပါတယ်။

ဒါ့အပြင် တက္ကစီခတွေကလည်း သင်္ကြန်အကြိုနေ့မှာတင် ခုန်တက်သွားပြီး ပုံမှန်ထက် နှစ်ဆလောက် တောင်းယူတာမျိုးတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံတဲ့သူတဦးက ပြောပါတယ်။

"အခါတိုင်း ၇၀၀၀ လောက်ပေးရတဲ့ခရီးကို ၁၂၀၀၀ တောင်းတယ်။ တစီးတည်း မဟုတ်ဘူး။ သူတို့ကတော့ ဆီစျေးတက်လို့ဆိုပြီးပြောတယ်။”

ရန်ကုန်မြို့မှာ အရင်ရက်တွေကတရက်ကို YBS ကားစီး​ရေ ၄၀၀၀ နီးပါးပြေးဆွဲနေတာဖြစ်ပြီး သင်္ကြန်အကြိုနေ့မှာ စီးရေ ၁၃၀၀ ကျော်၊ အကျနေ့မှာ စီးရေ ၁၀၀၀နီးပါး၊ အကြတ်နေ့နဲ့ အတက်နေ့တို့မှာ စီးရေ ၉၅၀ နီးပါးစီပြေးဆွဲမှာဖြစ်ပြီး နှစ်ဆန်းတရက်နေ့မှာ ပုံမှန်ပြေးဆွဲပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013