DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် အင်ဖက်အမိုး ဝယ်လိုအားမြင့်
DVB
·
April 13, 2024
ဒီးမော့ဆိုတွင် အင်ဖက်အမိုး ဝယ်လိုအားမြင့်
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့မှာ အင်ပင်ရဲ့အရွက်နဲ့ရက်လုပ်တဲ့ အမိုးအကာတွေ ဝယ်ယူသူများပြားလာတာကြောင့် ရက်လုပ်သူဒေသခံတွေ စီးပွားရေးအဆင်ပြေနေကြပါတယ်။

မိုးရာသီနီးပြီဖြစ်တာကြောင့် အမိုးအကာလဲဖို့အတွက် အင်ဖက်အမိုးတွေကိုဝယ်ယူကြတာဖြစ်ပြီး အခုလို ဝယ်ယူမှုမြင့်တက်လာတာက စားဝတ်နေရေးအတွက်ပါအဆင်ပြေလာတယ်လို့ ရက်လုပ်သူတယောက်က ဒီဗွီဘီကိုပြောပါတယ်။

“အဓိကတော့ တပ်ဖွဲ့တွေ တော်လှန်ရေးတပ်တွေက ဝယ်ကြတာပါ။ အင်ဖက်အမိုးက မိုးလုံတယ်။ ပြီးတော့ တော်ရုံအပူဒဏ်ကိုလည်းခံနိုင်တယ်။ အခုလို အရမ်းပူနေတဲ့အချိန်ဆို တော်တော်အဆင်​ပြေတယ်။ ဒီ အင်ဖက်ရောင်းရတာလည်း ဒီရာသီပါပဲ။ နောက်ကျရင် ဝယ်ယူတဲ့သူတွေကလည်း ရှားသွားကြမှာ။ အခုတောင် တပ်ဖွဲ့တွေရှိနေလို့ ဒေသခံတွေကျတော့လည်း စစ်ရှောင်ပဲများကြတော့ မဝယ်နိုင်ကြဘူး” လို့ ပြောပါတယ်။

အရင်က အင်ဖက်တပျစ်(တတွဲ)ကို ၂၅၀ ကျပ်ကနေ ၃၀၀ ကျပ်အထိသာရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ ၃၅၀ ကျပ်ကနေ ၄၀၀၊ ၄၅၀ကျပ်အထိ ပေါက်စျေးရှိတာကြောင့် ရက်လုပ်သူတွေလည်း အဆင်ပြေနေတာပါ။

ဒေသခံတယောက်က “အခုကတော့ အမိုးအကာတွေက စလဲရတော့မယ်။ မိုးကာ တာပေါ်လင်စတွေကလည်း တရာသီလုံးအဆင်မပြေဘူး။ မိုးကောင်းကောင်းကျရင် ၁ လကျော် လောက်ပဲ ရတော့ မရှိရှိတဲ့ကြားထဲကပဲ အင်ဖက်ဝယ်မိုးကြရတာ” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ တပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ဖြစ်ပွားနေတာကြောင့် စီးပွားရေးလုပ်ငန်းတွေ ကုန်သွယ်မှုတွေလည်း ရပ်ဆိုင်းနေပြီး ဒေသတွင်းကုန်စျေးနှုန်မြင့်တက်နေတဲ့အတွက် စစ်ရှောင်ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013