DVB Logo
Home
မြန်မာသတင်း
ရေး ခလရ ၂၉၉ ကို မွန်တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ
DVB
·
April 12, 2024
ရေး ခလရ ၂၉၉ ကို မွန်တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့ ကိုးမိုင်ကျေးရွာအနီးမှာရှိတဲ့ ခလရ ၂၉၉ ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ မဟာမိတ်တပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

ရေးမြို့ ခလရ ၂၉၉ ကို ဧပြီ ၁၂ ရက် မနက်အ‌စောပိုင်းက ‌မဟာမိတ်တပ်ပေါင်းစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ပြန်လည်တိုက်ခိုက်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်။ အနီးနားက ဒေသခံတွေလည်း ရှောင်နေကြရပြီ။ စစ်တပ်က လက်နက်ကြီးတွေနဲ့ လေယာဉ်တွေနဲ့ကော ပြန်ပစ်နေတယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ် ၂ စီး ပစ်ကူနေသလို  ၃၁၇ အမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေပါတယ်။

ခလရ ၂၉၉ ကို MSRF နဲ့ မဟာမိတ်‌တပ်ဖွဲ့တွေ ဝင်ရောက်‌တိုက်ခိုက်နေပြီး နှစ်ဖက်အထိအခိုက် အကျအဆုံး ရှိနေတယ်လို့ MSRF ပြန်ကြားရေးတာဝန်ခံ နိုင်နဂါးက ပြောပါတယ်။

“ကျနော်တို့နဲ့ မဟာမိတ်အဖွဲ့တွေ ဝင်တိုက်နေပါတယ်။ မြိတ်ဘက်က လေယာဉ်တစီးနဲ့‌ မော်လမြိုင်ဘက်က လေယာဉ်တစီးလာပြီး ပစ်ကူပေးနေတယ်။ ကျနော်တို့ဘက်က နည်းနည်းပါးပါး ထိခိုက်မှုရှိပါတယ်။ ကျနော်တို့ ထုတ်ပြန်ပေးသွားမှာပါ။”

ရေး-ထားဝယ်လမ်းမှာရှိတဲ့ မလွှဲတောင် စစ်ဆေး‌ရေးဂိတ်ကို MSRF နဲ့ မဟာမိတ်တပ်တွေ ဧပြီ ၁၁ ရက်ညက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မလွဲတောင်စစ်‌ဆေးရေးဂိတ် ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မလွဲတောင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာနဲ့ ခလရ ၂၉၉ ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက ရေး-ထားဝယ်လမ်းမကြီးကို ပိတ်ထားတဲ့အတွက် ခရီးသွား‌ကားတွေ ပိတ်မိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013