DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ် ရဲစခန်း ၂ ခု တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး၊ မတ္တရာတွင် စစ်သား ၁ ဦး အလင်းဝင်
DVB
·
April 12, 2024
သံဖြူဇရပ် ရဲစခန်း ၂ ခု တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး၊ မတ္တရာတွင် စစ်သား ၁ ဦး အလင်းဝင်
Donate to DVB

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာရှိတဲ့ အနင်းရဲစခန်းနဲ့ ထင်ရှုးရဲစခန်းတို့ကို တောင်ညိုစစ်ကြောင်း တပ်ဖွဲ့က ဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ညိုစစ်ကြာင်းက ဧပြီ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

အနင်းကျေးရွာရဲစခန်းကို ဧပြီ ၈ ရက် မွန်းတည့် ၁၂ နာရီခွဲမှာ တောင်ညိုစစ်ကြောင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထင်းရှုးရွာရဲစခန်းကို ဧပြီ ၁၀ ရက် မနက် ၆ နာရီခွဲက ဒရုန်းနဲ့ ဗုံးသီး ၂ လုံးချပြီး တိုက်ခိုက်ခဲ့တာ ကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သလို ရဲစခန်းအဆောက်တခုလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

တောင်ညိုစစ်ကြောင်းတာဝန်ရှိသူတဦးက “အင်အား ၂၀ ကျော်ရှိတဲ့ အနင်းနဲ့ ထင်းရှုးရဲစခန်းကို ဒရုန်း ၂ လုံးစီနဲ့ တိုက်ခိုက်ခဲ့တာပါ။ တခြားလက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ဖို့ သွားကပ်ခဲ့ပေမဲ့ စခန်းထဲမှာလုံးဝလှုပ်ရှားမှုမရှိလို့ ပြန်ဆုတ်လာခဲ့တယ်။ အနင်းရဲစခန်း ထိခိုက်မှု ကတော့ ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရတယ်။ ထင်းရှုးရဲစခန်းကတော့ ပထမ ၃ဦးတော့ ပြင်းထန် ဒဏ်ရာရတာ။ အဲ့ကနေ ရဲတယောက်သေသွားတာ။ သူတို့စခန်းထဲမှာပဲ မြှုပ်လိုက်တာ" လို့ ပြောပါတယ်။

တပ်မဟာ ၆၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ ရဲ့ ဦးဆောင်မှု အောက်မှာရှိတဲ့ တောင်ညိုစစ်ကြောင်းဟာ တခြားမဟာမိတ်တွေနဲ့လက်တွဲပြီး စစ်အာဏာရှင် ကျရှုံးတဲ့အထိ တိုက်ထုတ်သွားမယ်လို့ ‌ဆိုပါတယ်။

ဧပြီ ၂ ရက်ကလည်း  ထင်းရှုးရဲစခန်းနဲ့ အနင်းရဲစခန်းတို့ကို တောင်ညိုစစ်ကြောင်းနဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်သားတဦး သူကိုင်ဆောင်တဲ့ လက်နက်နဲ့အတူ အလင်းဝင်လာတာကြောင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ဧပြီ ၁၂ ရက်မှာ မတ္တရာမြို့နယ် ပကဖက သတင်းထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ်ပကဖ သတင်းတာဝန်ခံ ဘိုတောက်က “သူက စစ်တပ်ရဲ့လုပ်ရပ်တွေကို မကြိုက်တာရယ်၊ အလင်းဝင်ဖို့လမ်းစ တွေ့တာနဲ့ ကျနော်တို့ ရဲဘော်ကို ချိတ်ဆက်ပြီး အလင်းဝင်လာတာပါ။ လက်ရှိမှာ သူ့ဇနီးနဲ့ သူ့ကို လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ တပ်မဟာ ၈၈ လက်အောက်ခံ ခလရ ၇၈ က စစ်သားဟာ လက်နက်နဲ့အတူ အလင်းဝင်တာကြောင့် ဆုကြေးငွေ ၃၁ သိန်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013