DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်ရှိ ဗလမင်းထင်တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
DVB
·
April 12, 2024
ဝိုင်းမော်ရှိ ဗလမင်းထင်တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတား စုပေါင်းစစ်ဆေးရေးဂိတ်ကို ဧပြီ ၁၁ ရက် ညပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသခံတွေထံက သိရပါတယ်။

ဗလမင်းထင်တံတားအဆင်း ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာက စစ်ကောင်စီတပ် စုပေါင်းစစ်ဆေးရေးဂိတ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်နေတယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“ည ၇ နာရီကျော်လောက် စစ်ဆေးရေးဂိတ်ကို သေနတ်နဲ့ လေးချက် ငါးချက်လောက် ပစ်တယ်။ အဲဒါ စစ်ဆေးရေးဂိတ်ကနေလည်း သေနတ်တွေနဲ့ ပြန်ပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်၊ ဆူညံနေတာပဲ။ ထိခိုက်မှုအခြေအနေတော့ မသိရဘူး။”

ဧရာဝတီ မြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ဗလမင်းထင်တံတားမှာ  စစ်ကောင်စီတပ်ဖွဲ့ရဲ့ စုပေါင်းစစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာတဲ့ ကုန်တင်မော်တော်ယာဉ်တွေကို တရားမဝင် ငွေကြေး အဓမ္မ ကောက်ခံမှုတွေ  ပြုလုပ်နေပါတယ်။

မနက် ၆ နာရီက ညနေ ၆နာရီအထိ သာ ဖြတ်သန်းသွားလာခွင့်ပြုတဲ့ဗလမင်းထင်တံတား စုပေါင်းစစ်ဆေးရေးဂိတ်ဟာ   ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကလည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီစစ်ဆေးရေးဂိတ်ဟာ   သုံးကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013