DVB Logo
Home
မြန်မာသတင်း
NUG က တလအတွင်း လူသားစာနာအကူအညီ ကျပ်သန်း ၄၀၀ ကျော် ထောက်ပံ့ 
DVB
·
April 11, 2024
NUG က တလအတွင်း လူသားစာနာအကူအညီ ကျပ်သန်း ၄၀၀ ကျော် ထောက်ပံ့ 
Donate to DVB

ပြီးခဲ့တဲ့ မတ်တလတာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူသားချင်း စာနာမှုအကူအညီအနေနဲ့ ငွေကျပ် ၄၀၆ သန်းကျော် ပံ့ပို့းပေးနိုင်ခဲ့ပြီး အဲဒီထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ ၁၅၄,၂၀၀ ယောက်အတွက် အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ်သန်း ၂၉၀ ကျော် ထောက်ပံ့နိုင်ခဲ့တယ်လို့ ထုတ် ပြန်ပါတယ်။

NUG အစိုးရ လူသားချင်းစာ နာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဧပြီ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပြီး ဒါဟာ အစိုးရနဲ့ ပြည်သူအကြား အချင်းချင်း အားပေးအားယူ ပြုနိုင်ဖို့အတွက် တင်ပြတာလို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူ ၂၅၇ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၈၈ ယောက်အတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် ၄၆ ဒသမ ၈ သန်းနဲ့ CDM ဝန်ထမ်းတွေအတွက် ၅ သန်းခွဲစီ ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ငွေကျပ် ၁ ဒသမ ၃ သန်း၊ ပြည်သူတွေအတွက် စားနပ်ရိက္ခာကြိုတင်စီစဉ်မှုအတွက် ၉ ဒသမ ၈ သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ၅၃ ဒသမ ၂ သန်းတို့ကို ထောက်ပံ့နိုင်တဲ့အပြင် မီးရှို့ခံရတဲ့ နေအိမ်တွေထဲက လုံခြုံစိတ်ချရတဲ့ နေရာမှာ ဆောက်လုပ်နိုင်တဲ့ နေအိမ် ၄၆ လုံးကို ယာယီတဲဆောက်လုပ်ပေးတာတွေကို ပံ့ပိုးပေးနိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ် နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ပြည်တွင်း နေရပ် စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၂ သန်းခွဲကျော်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013