DVB Logo
Home
မြန်မာသတင်း
ဖလမ်းခရိုင် ရဲတပ်ဖွဲ့ရုံးက ဒုတပ်ကြပ် ရဲမေ ၁ ဦး အလင်းဝင်
DVB
·
April 11, 2024
ဖလမ်းခရိုင် ရဲတပ်ဖွဲ့ရုံးက ဒုတပ်ကြပ် ရဲမေ ၁ ဦး အလင်းဝင်
Donate to DVB

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်းခရိုင် ရဲတပ်ဖွဲ့ရုံးက ဒုတပ်ကြပ် ရဲမေ ၁ ဦး အလင်းဝင်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YPDF) က ဧပြီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒုတပ်ကြပ် ရဲမေကို ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့က ဖလမ်းခရိုင်ရဲစခန်းမှ ခေါ်ဆောင်ကယ်ထုတ်ခဲ့ပြီး YPDF တပ်ဖွဲ့မှ ယောဒေသကို သွားရောက် ခေါ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် အလင်းဝင်ရဲမေဟာ ယောဒေသ ရပ်ကျေး ပကဖများနဲ့ ခံဝန်လက်မှတ်ရေးထိုးပြီး လက်ရှိမှာ ယောဒေသမှာ မိဘတွေနဲ့အတူ နေထိုင်နေတယ်လို့ သိရပါတယ်။

“သူကယောသူပေါ့လေ၊ သူ့မိဘတွေကနေပြီးတော့မှ ရပ်ကျေးပအဖတွေနဲ့ တဆင့် ကျနော်တို့ဆီကို အကူအညီတောင်းလာတာပေါ့။ စစ်ကောင်စီအောက်မှာ တာဝန်မထမ်းလိုဘူး ကူညီပေးပါလို့ ပြောလာတော့ ကျနော်တို့က ချိတ်ဆက်ပြီး ကူညီကယ်ထုတ်ပေးလာတာပေါ့။ မြို့နယ်ပအဖကနေမှ လိုအပ်တဲ့ ခံဝန်စာရွက်စာတန်းတွေနဲ့ပေါ့ လက်ရှိတော့ သူ့မိဘတွေနဲ့အတူ ရှိပါတယ်” လို့ YPDF တာဝန်ရှိသူ ကိုယောလေးက ပြောပါတယ်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ထံ ဆက်သွယ်ကာ အလင်းဝင်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသူ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ လက်နက်ကိုင်မဟုတ်သော အခြားဝန်ထမ်း ၁ ဦး၊ ပျူစောထီးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူ ၁၀၀ ဦးခန့် ရှိပြီဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013