DVB Logo
Home
မြန်မာသတင်း
ရွှေဘိုထောင်တွင် နိုင်ကျဉ်းများ အခွင့်အရေး ချိုးဖောက်ခံနေရ
DVB
·
April 11, 2024
ရွှေဘိုထောင်တွင် နိုင်ကျဉ်းများ အခွင့်အရေး ချိုးဖောက်ခံနေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းသားအခွင့်အရေးတွေ ချိုးဖောက်ခံကြရသလို အကျဉ်းသား ၅ ဦး သေဆုံးတာ ရှိတယ်လို့ အကျဉ်ကျခံ မိသားစုတွေထံကနေ သိရပါတယ်။

ရွှေဘိုထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတဦးရဲ့ မိဘက “သူတို့ကို ထောင်ဝင်စာသွားတွေ့တိုင်း ကျမတို့ကို ပြောပြတာကတော့ ချိုးရေကိုလည်း အခွက် ၂၀ လောက်သာ ပေးတယ်။ သောက်ရေလည်း တနေကုန် တလီတာရဲ့ တဝက်ခန့်သာ ပေးတယ်။ ရေဝယ်သောက်မယ်ဆိုရင်လည်း တလီတာတဘူးကို ၂,၉၀၀ ကျပ် ပေးဝယ်ရတယ်။ ထမင်းကျွေးတယ်ဆိုရင်လည်း ထမင်းမကျက်တာတွေ ကျွေးတယ်။ ဟင်းကလည်း ဂေါ်ဖီထုပ်ကို ဖြတ်တောက်ချက်တာမဟုတ်ဘဲ အခွံခွာပြီး အရွက်အတိုင်း ချက်ကျွေးတယ်။ ဆေးဝါးလုံလောက်မှုလည်း မရှိဘူး။ အဲလိုအခြေအနေကြောင့် ထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၅ ဦးအထိ သေဆုံးမှုရှိနေတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းများ စစ်ဆေးရေးလုပ်ပေးကြဖို့ကိုလည်း ပြောတယ်” လို့ ပြောပါတယ်။

ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသား ၁,၀၀၀ ကျော်ရှိပြီး နိုင်ငံရေးအကျဉ်းသားတွေဟာ ဟိုအရင်တွေတုန်းကလည်း အကျဉ်းသားအခွင့်အရေး တောင်းဆိုမှုတွေ ရှိခဲ့ပေမဲ့ တောင်းဆိုတဲ့ အကျဉ်းသားတိုင်းကို အကျဉ်းဦးစီးက ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲဆိုတာတွေ၊ ပြစ်ဒဏ်ပေးတာတွေနဲ့ ကြုံကြရပြီး ခြိမ်းခြောက်ခံကြရသလို ထောင်ဝင်စာပိတ်ပစ်တာပါ ခံကြရတယ်လို့လည်း အကျဉ်းကျသူတွေရဲ့ မိသားစုဝင်တွေ ဆီကနေ သိရပါတယ်။

ရွှေဘိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုတာနှောက “ဒီသတင်းက ကျနော်တို့ဆီကို ထောင်တွင်း ဖရဲသီးက ပြောပြလို့ သိရတယ်ဗျ။ အခုလို အကျဉ်းကျနေတဲ့သူတွေပေါ် အခွင့်အရေး ချိုးဖောက်မှုလုပ်နေတဲ့ ဝန်ထမ်းတွေနဲ့ သူတို့မိသားစုဝင်တွေကိုတော့ ပြင်းပြင်းထန်ထန် အရေးယူဖို့ ဆုံးဖြတ်ထားတယ်။ သူ့အလှည့်၊ ကိုယ့်အလှည့်တော့ ရှိပါသေးတယ်။ အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ဗျာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ အကျဉ်းထောင်အတွင်း အကျဉ်းကျသူတွေအပေါ် လူ့အခွင့်အရေး ချိုး‌ဖောက်မှုသာမက ဧပြီ ၆ ရက်ကလည်း ရွှေဘိုမြို့နယ် ရှားတောရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၉ ဦးကို သတ်ဖြတ်ကာ အိမ်‌ ၁၁၇ လုံးကိုလည်း မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013