
ဂျာမနီအသင်းနည်းပြသစ်အဖြစ် ပထမဆုံးကိုင်တွယ်တဲ့ ဂျာဂန်ကလော့ပ်ဟာ နယ်သာလန်နဲ့ပွဲမှာ နိုင်ပွဲရဖို့ နီးစပ်ခဲ့ပေမဲ့ လွဲချော်သွားခဲ့ပါတယ်။
ဂျာမန်အသင်းဟာ ၁ ဂိုးအသာရနေပေမဲ့ နယ်သာလန် တောင်ပံတိုက်စစ်မှူး ကိုဒီဂက်ပိုက ပွဲပြီးခါနီး နာကျင်အချိန်ပိုကျမှ အဝေးကန်ချက်နဲ့ ချေပဂိုး သွင်းယူသွားခဲ့တာပါ။
ဒီဂိုးကြောင့် ကလော့ပ်ရဲ့ ဂျာမနီအသင်းဟာ ပထမဆုံးနိုင်ပွဲရမဲ့အစား သရေရလဒ်နဲ့သာ ကျေနပ် ခဲ့ရပါတယ်။
ဒီပွဲမှာ ဂျာမနီအသင်းဟာ ကလော့ပ်ကိုယ်တိုင် ဖျက်သိမ်းချင်နေတဲ့ VAR နည်းပညာကြောင့်သာ ရှုံးနိမ့်မှုကနေ သီသီလေး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
ကလော့ပ်ဟာ ကလပ်အသင်းနည်းပြတွေရဲ့ ခံစားချက်ကို အခုကတည်းက ကောင်းကောင်း စာနာ နားလည်နေရတယ်လို့လည်း သိရပါတယ်။
သူဟာ ဂျာမနီအသင်းကို လူစာရင်းအသစ်နဲ့ ပွဲထုတ်ခဲ့ပြီး ကစားသမားသစ်တွေကို အခွင့်အရေး ပေးခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters










