DVB Logo
Home
နိုင်ငံတကာ
ဟောင်ကောင် လူစည်ကားသည့်ရပ်ကွက်၌ မီးလောင်ပြီး ၅ ဦးသေဆုံး၊ ၁၉ ဦးဒဏ်ရာရ
DVB
·
April 10, 2024
ဟောင်ကောင် လူစည်ကားသည့်ရပ်ကွက်၌ မီးလောင်ပြီး ၅ ဦးသေဆုံး၊ ၁၉ ဦးဒဏ်ရာရ
Donate to DVB

ဟောင်ကောင်ရဲ့ လူစည်ကားတဲ့ ကောင်လွန်းခရိုင်ရှိ လူနေရပ်ကွက်တခုမှာ ဧပြီ ၁၀ ရက်က မီးလောင်ခဲ့ပြီး လူ ၅ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ရဲ့ ဆေးရုံအာဏာပိုင်တွေနဲ့ မီးသတ်ဌာနက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက အနည်းဆုံး ၆ ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာကို မီးသတ်သမားတွေနဲ့ ယာဉ်ထိန်းရဲတွေ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ရှိ လမ်းတချို့ကို ဝင်ပေါက်ထွက်ပေါက်တွေ အကုန်ပိတ်လိုက်တာကြောင့် မနက်ခင်းအချိန်တွေမှာ ယာဉ်ကြောအသွားအလာ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

မီးလောင်မှု စတင်ဖြစ်ပွားခဲ့တဲ့ ပါဝါအားကစားရုံ အပါအဝင် အဲဒီအဆောက်အအုံရဲ့ အပြင်ဘက်နံရံတွေ မီးလောင်ကျွမ်းခဲ့ပြီး အထပ်ပေါင်းများစွာက ပြတင်းပေါက်တွေလည်း ပွင့်ထွက်သွားခဲ့ကြောင်း ပြည်တွင်းရုပ်သံဌာန RTHK အရ သိရပါတယ်။

မြို့ရဲ့ အဆင့် ၅ ဆင့် သတ်မှတ်ထားမှုမှာ အဆင့် ၃ ရှိတဲ့ မီးလောင်မှုကို ဒေသစံတော်ချိန် မနက် ၈ နာရီ ၅၄ မိနစ်မှာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မြို့တော်ရဲ့ ဘဏ္ဍာရေးအချက်အချာမှ ဆိပ်ကမ်းတလျှောက် နေအိမ်တွေ၊ ရုံးခန်းတွေ ပြည့်နှက်နေတဲ့ ဂျော်ဒန်နယ်မြေမှာ မီးစတင်လောင်ကျွမ်းချိန်ကနေ တနာရီအကြာမှာ မီးငြိမ်းသွားတာလို့ ဆိုပါတယ်။

Source/Photo-REUTERS/Joyce Zhou

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013