DVB Logo
Home
မြန်မာသတင်း
၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းရန် NUCC ပြည်သူ့ညီလာခံ ဆုံးဖြတ်
DVB
·
April 10, 2024
၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းရန် NUCC ပြည်သူ့ညီလာခံ ဆုံးဖြတ်
Donate to DVB

၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပြည်သူ့ညီလာခံက ဆုံးဖြတ်လိုက်ကြောင်း ဧပြီ ၉ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေးကာလ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ NUCC က ဦးဆောင်ပြီးတော့ ဧပြီ ၄ ရက်ကနေ ၉ ရက် အထိ ၅ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပြီး အဆိုပါဥပဒေ ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ် ဖော်ပြချက်ပါ ကြားကာလ ဥပဒေပြုရေး အခန်း ၅ ရဲ့ ဖော်ပြချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နဲ့အညီ စနစ်တကျ လုပ်ဆောင်နိုင်ဖို့နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့အတွက်  အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုတွေအကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်တဲ့ ယန္တရားတွေအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ဖို့နဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တိုက်ဖျက်ဖို့၊ အဲဒီဥပဒေကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို လူထုနဲ့ တော်လှန်ရေးအင်အားစု အသီးသီး ပူးပေါင်းကာ မဟာဗျူဟာမြောက် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

ဒီညီလာခံကိုတော့ နွေဦးတော်လှန်ရေးအတွင်း တိုက်ပွဲဝင်နေကြတဲ့ အင်အားစုတွေက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင် အားစုတွေက ကိုယ်စားလှယ်တွေ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ် ယူနစ် ကောင်စီတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၂၀၄ ဦးနဲ့ ညီလာခံမှာ ပါဝင်ဆွေးနွေးဖို့ အထူးဖိတ်ကြားထားသူ ၁၀၄ ဦး၊ လေ့လာသူ ၁၂၈ ဦး တက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ညီလာခံနောက်ဆုံးနေ့ကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ကိုယ်စားလှယ်တွေ မတက်ရောက်ခဲ့ကြဘူးလို့ သတင်းတွေ ထွက်ခဲ့ပြီး ဘာကြောင့်မတက်ရောက်ခဲ့သလဲဆိုတဲ့ အခြေအနေ အသေးစိတ်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

လတ်တလောမှာတော့ ပြည်သူ့ညီလာခံတွေကို ၆ လ တကြိမ် ပုံမှန်ကျင်းပသွားဖို့လည်း သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013