DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်တွင် တရားမဝင်မြန်မာ ၄၀ ကျော် အဖမ်းခံရ 
DVB
·
April 10, 2024
မယ်ဆိုင်တွင် တရားမဝင်မြန်မာ ၄၀ ကျော် အဖမ်းခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့က နေအိမ်တလုံးမှာ ဆူညံစွာ စကား ပြောတာကြောင့် အတိုင်ခံရပြီး တရားမဝင်မြန်မာလုပ်သား ၄၀ ကျော် အဖမ်းခံရတယ်လို့  မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

မယ်ဆိုင်မြို့ ဝိန်းဖန်ခမ်းအုပ်စု လုမ့်ဖိုးထိငမ်းရပ်ကွက်က နေအိမ်တလုံးမှာ လူတွေစုပြုံရောက်ရှိနေပြီး ကျယ်လောင်ဆူညံနေတာကြောင့် အိမ်နီးနားချင်းတွေက နားညည်းလို့ ရပ်ကွက်လူကြီးကို တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။ 

ရပ်ကွက်လူကြီးက တာဝန်ရှိသူတွေနဲ့အတူ လာရောက်စစ်ဆေးရာမှာ အဆိုပါအိမ်ထဲမှာ မြန်မာအလုပ်သမား ၄၀ ကျော်ရှိပြီး သူတို့ဟာ ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ ဧပြီ ၆ ရက်မှ ၈ ရက်နေ့တွေအတွင်း တသုတ်စီရောက်လာတာဖြစ်တယ်၊ သူတို့ဟာ အဲဒီမှာ ခဏတာ နားခိုပြီး ထိုင်းနိုင်ငံအတွင်းပိုင်းဘက်ကို အလုပ်သွားလုပ်ဖို့ အနေအထားရှိနေတာကြောင့် ခွင့်ပြု ချက်ဘောင်ကနေ ကျော်လွန်လို့ အားလုံးကို နယ်စပ်ပြန်လို့လိုက်တယ်လို့ ဆိုပါတယ်။ 

ယာယီနယ်စပ်ဖြတ်လက်မှတ်ရှိသူ ၄၀ အပြင် ကလေးတယောက်ပါပြီး အဲဒီအိမ်မှာ အရင်ကတည်းကနေနေတဲ့ မြန်မာတဦးဟာလည်း ဘာအထောက်အထားမှမရှိတာကြောင့် သူပါ ရောပြီး အဖမ်းခံလိုက်ရတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

ကိုးကား - MAESAIPRESS

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013