DVB Logo
Home
မြန်မာသတင်း
ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းခေါင်းဆောင်ပြီး အစည်းအဝေးပြုလုပ်နေချိန် ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရ
DVB
·
April 9, 2024
ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းခေါင်းဆောင်ပြီး အစည်းအဝေးပြုလုပ်နေချိန် ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)အတွင်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်ပြီး အထူးစစ်ဆင်ရေး အစည်းအဝေးပြုလုပ်နေတဲ့ အားကစားခန်းမနဲ့ စစ်ရဟတ်ယာဥ် နှစ်စီးရပ်ထားတဲ့ ကွင်းနေရာတို့အား ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ရှာထူးဝေါနည်းပညာတပ်ဖွဲ့က သိရပါတယ်။ 

ဧပြီ ၉ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်က  ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Alpha Bats တပ်ခွဲက ကာမီကာဇေ Fixed Wing Drone တွေနဲ့ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ပေါက်ကွဲသံ အကျယ်ကြီးတချက် ထွက်ပေါ်လာပြီးနောက် ဆက်တိုက်ပေါက်ကွဲသံတွေ ကြားရတယ်” လို့ မော်လမြိုင်မြို့ ရတခ အနီးဝန်းကျင်နေ ဒေသခံတဦးက ပြောပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ စုံစမ်းလို့မရသေးဘဲ ရတခတိုင်း အရှေ့လမ်းမကို ပိတ်လိုက်ကြောင်းနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းကနေ ပြောက်ကျားဝတ်စုံတွေနဲ့ ကားသုံးစီးထွက်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ရဟတ်ယာဥ် ၂ စီးအနက် တစီးသာ ပြန်တက်ထွက်ခွာနိုင်ပြီး တစီးကတော့ မထွက်ခွာနိုင်ခဲ့ဘူးလို့ သိရပါတယ်။

မနေ့ ညနေက အဆိုပါ ရတခ တိုင်းရုံးကို ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Alpha Bats တပ်ခွဲက Fixed Wings Drone တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒုဗိုလ်ချုပ်ကြီး စိုးဝင်း အကြီးအကျယ် ဒေါသထွက်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးတွေကို အနီးကပ်ကွပ်ကဲနေတာကြောင့် ရသမျှနည်းလမ်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတာလို့ ရှာထူးဝေါ်တပ်ဖွဲ့ပြန်ကြားရေးက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013